www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 13, 2015

ချင်းတွင်းမြစ်ကြောင်း အတွင်း ငါးရှားပါးလာခြင်းသည် ရွှေဖမ်းပြဒါးများကြောင့် ဖြစ်နိုင်သည်ဟုဆို



မုံရွာ ၊ ၁၃-၁၀-၂၀၁၅

ချင်းတွင်းမြစ်ကြောင်း အတွင်း၌ ရေလုပ်ငန်း လုပ်ကိုင်သူ (ရေလုပ်သား) များသည် ယခင်က နေ့စဉ် ငါးဖမ်းဆီး ရရှိမှု အများအပြား ရှိခဲ့သော်လည်း လွန်ခဲ့သော သုံးနှစ်မှ စတင်၍ ငါးဖမ်းဆီး ရရှိမှု အလွန်နည်းပါး သွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ကြောင်း အတွင်း ငါးများရှားပါး လာခြင်းသည် ရွှေဖမ်းပြဒါးများ မြစ်ကြောင်း အတွင်းစီးဆင်း ဝင်ရောက်ပြီး ငါးမျိုးစိတ် များကို ထိခိုက်ကာ ငါးများပြုန်းတီး လာရခြင်း ကြောင့် ဖြစ်နိုင်သည် ဟု မြစ်ကြောင်း ထိန်းသိမ်းရေး သုတေသန ပညာရှင် တစ်ဦးက ပြောပြသည်။

''ချင်းတွင်းမြစ်ရဲ့ ရေ အရည်အသွေး တွေ ကျဆင်း နေတာကို စမ်းသပ်တွေ့ရှိ ရပါတယ်။ ပြဒါး ပါဝင်တဲ့ အခြေအနေ တွေကြောင့် ငါးမျိုးစိတ်တွေ ပျောက်ကွယ်သွား တာမျိုး ဖြစ်နိုင်ပါတယ် '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ချင်းတွင်းမြစ်နှင့် ဥရုမြစ် အနီးရှိ ကုန်းတွင်း ရွှေသတ္တု တူးဖော်ရေး လုပ်ငန်းခွင် များမှ စွန့်ထုတ်လိုက်သော ရွှေဖမ်းပြဒါးရည် များသည် ရေထုတ်မြောင်း (Out Let) များမှတစ်ဆင့် မြစ်များ အတွင်းသို့ စီးဆင်း ဝင်ရောက် နေသည့်အတွက် ရေ အရည်အသွေး များ ထိခိုက်လာ လျက်ရှိကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သုတေသနနှင့် စီမံကိန်း ဌာန၏ မှတ်တမ်းများတွင်ဖော်ပြ ထားကြောင်း သိရသည်။

ထိုသို့ သိရှိနိုင်ခြင်းမှာ ရေထွက်မြောင်း (Out Let) များအနီး၌ ဖြစ်ထွန်းလျက် ရှိနေသည့် သောင်၏ အပေါ်ယံလွှာရှိ Fine Clay များကို အဆိုပါ အဖွဲ့မှ ဓာတ်ခွဲ စမ်းသပ်ရာတွင် ရွှေဖမ်းပြဒါး ဓာတ်များ ပါဝင်မှု ရာခိုင်နှုန်း ၇၂ ဒသမ ၆၃ ရှိနေကြောင်း သိရှိခဲ့သည်ဟု ၄င်းတို့က ပြောပြသည်။

ထို့ကြောင့် ချင်းတွင်း မြစ်ကြောင်း အတွင်း၌ ငါးမျိုးစိတ်များ ပျက်သုဉ်းကာ ငါးများ ရှားပါးလာရခြင်း ဖြစ်သည်။ ယခုအခါ ရေလုပ်ငန်း လုပ်ကိုင်နေ သူများသည် ငါးရရှိမှု နည်းပါး လာခဲ့ပြီးနောက် လုပ်ငန်းခွင် လုပ်ကိုင်ရချိန် နှင့် ငါးရရှိမှု ပမာဏမှာ မျှတခြင်း မရှိတော့သည့် အတွက် မိရိုးဖလာ ရေလုပ်ငန်း လုပ်ကိုင်လာသူ အများအပြားသည် အခြား အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများကို ပြောင်းလဲ လုပ်ကိုင် နေကြောင်း သိရသည်။ (၁၅၄)

ရတနာပုံနေ့စဉ် ၊ စာ(၉)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger