www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 13, 2015

အပင်နှင့် တိရစ္ဆာန်တို့ ရှင်သန်နေထိုင်နိုင်ရန် အရေးကြီးသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် Biopod ကိုထုတ်လုပ်



အော့တ၀ါ ၊ ၁၃-၁၀-၂၀၁၅

ထူးထူးခြားခြား အိမ်မွေး တိရစ္ဆာန်များ၊ ရှားပါးအပင် မျိုးစိတ်များကို အိမ်တွင် ထားရှိရာ ၄င်းတို့ အကောင်းဆုံး ရှင်သန်နိုင်ရေး အတွက် ရာသီဥတု အခြေအနေ နှင့် ၄င်းတို့၏ သဘာဝ ကိုက်ညီမှုရှိရန် အရေးကြီးသော လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည့် Biopod ကို ကနေဒါနိုင်ငံသား ဇီဝပညာရှင် ဂျာရတ်ဖို့ က တီထွင်ထုတ်လုပ် ထားကြောင်း သိရသည်။

''တခြားနိုင်ငံ ရေမြေသဘာဝ ကနေ ထူးထူးခြားခြား ရလာတဲ့ တွားသွား သတ္တဝါတွေ၊ ကုန်းနေရေနေ သတ္တဝါတွေ၊ အပင်တွေကို တခြားနိုင်ငံ ရေမြေ သဘာဝမှာ သွားမွေးမယ်၊ စိုက်မယ်ဆိုရင် ရာသီဥတု အခြေအနေချင်း မတူညီတဲ့ ပြဿနာကို အရင်ဆုံး ကြုံတွေ့ ရလေ့ ရှိပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ Biopod ကို ထုတ်လုပ်ထား ပါတယ်။ Biopod ဟာဖုန်း Application နဲ့တွဲထိန်းရတဲ့ မှန်ပေါင်းချောင် တစ်မျိုးဖြစ်ပြီး အဲဒီ မှန်ပေါင်းချောင် ထဲမှာ ကိုယ်လိုချင်တဲ့ အပူချိန်၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာ စိုထိုင်းဆတွေကို စိတ်ကြိုက်ချိန်ညှိ ထားနိုင်ပါတယ်'' ဟု ဂျာရတ် က ပြောပြသည်။

Biopod ကို အသုံးပြုမည့် သူသည် ဖုန်း Application ကိုဖွင့်ကာ မိမိထားရှိမည့် အပင် သို့မဟုတ် သတ္တဝါ အမျိုးအစားကို ရိုက်ထည့် ပေးလိုက်ပါက Application က Biopod အတွင်း ထားရှိရမည့် Setting ကို အလိုအလျောက် ချိန်ညှိသွားမည် ဖြစ်သည်။ ထို့ပြင် Setting ကို မိမိ စိတ်ကြိုက်လည်း ချိန်ညှိနိုင်မည် ဖြစ်သည်။

ဖော်ပြပါ Biopod ကို ကောင်းစွာ အလုပ်လုပ်နိုင်ရန် ဖုန်း Application နှင့် Biopod တို့ ချိတ်ဆက်ထားပြီး ရရှိသော အချက်အလက် များကို Cloud မှတစ်ဆင့် ပင်ရင်းဆာဗာ က ဖတ်ရှုကာ Setting များကို ပြန်လည်ပေးပို့ ခြင်းဖြင့် Biopod ကို ထိန်းချုပ်ထား နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger