www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 16, 2015

အသီးအနှံများတွင် အစွန်းချွတ်ဆေးများ အသုံးပြု၍ ရောင်းချမှုများ ရှိလာ



ရန်ကုန် ၊ ၁၆-၁၀-၂၀၁၅

အစားအသောက် များ၌ ဓာတုဆေးဝါး များ အသုံးပြုမှု များပြားလာပြီး ရောင်းရ တွင်ကျယ် လာစေရန် နည်းလမ်းပေါင်းစုံ အသုံးပြုလျက် ရှိရာ အသီးအနှံ များတွင် ချွတ်ဆေးများ အသုံးပြု၍ ရောင်းချမှုများ ရှိလာကြောင်း သိရသည်။

''အင်္ကျီအရောင် စွန်းပေမှုဖြစ်ရင် ချွတ်ရတဲ့ဆေး တွေကို သစ်သီးတွေမှာ အသုံးပြုဖို့ ဝယ်ယူတာတွေ ရှိလာပါတယ်။ ဒီ ချွတ်ဆေးမှုန့် လေးတွေ ဖျော်ထားတဲ့ အရည်ထဲကို သီးနှံတွေ စိမ်လိုက်တာနဲ့ ဖြူဖွေး လတ်ဆတ်ပြီး စားလိုက်ရင်လည်း ကြွပ်ကြွပ်လေး ဖြစ်သွားတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း အစွန်းချွတ်ဆေး ရောင်းတဲ့သူ တွေဆိုတော့ အဲဒီလိုတွေ လုပ်တာ သိနေ ပေမယ့်လည်း ရောင်းချနေ တာပါပဲ'' ဟု ပရဆေးဆိုင်မှ ဆေးရောင်းချသူ တစ်ဦးက ပြောသည်။

သစ်တော်သီး၊ ပန်းသစ်တော်၊ ပန်းသီး နှင့် မာလကာသီး တို့ကို ချွတ်ဆေးရည် စိမ်၍ ရောင်းချမှုများ ပြုလုပ်လျက်ရှိ နေကြောင်း၊ ချွတ်ဆေးသည် ကိုင်တွယ်မှု ကြာသွားလျှင် ယားယံပြီး အကွက်များ ဖြစ်ပေါ် လာကြောင်းနှင့် ယင်းဆေးများကို တခြား ဈေးသည်များ မှလည်း လာရောက် ဝယ်ယူမှုများ ရှိနေပြီး သီးနှံ ရောင်းဝယ်သူများ ပိုမိုဝယ်ယူမှု ရှိနေကြောင်း သိရသည်။

အစွန်းချွတ်ဆေး ကျပ် ၁ဝဝ ဖိုးဝယ်ယူလျှင် သစ်သီး အလုံးရေ ၂ဝ၊ ၃ဝ ခန့်အထိ စိမ်နိုင်ပြီး ကြေးများကျွတ်၍ အရောင်လွင် လာသော အသီးများကို ဈေးဗန်းတင် ရောင်းချသည့် အခါ မျက်နှာပန်း လှခြင်းကြောင့်
အစွန်းချွတ်ဆေး များကို အသုံးပြု၍ ရောင်းချ ကြခြင်း ဖြစ်ကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger