www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 16, 2015

ထိုင်းနိုင်ငံမှ လူသုံးကုန်ပစ္စည်းပြပွဲကို ဒုတိယအကြိမ် ပြုလုပ်မည်


မန္တလေး ၊ ၁၆-၁၀-၂၀၁၅

ထိုင်း ရက်သတ္တပတ် ၂ဝ၁၅ မန္တလေး- ထိုင်းမှ လူသုံးကုန် ပစ္စည်းများပြပွဲကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၁ ရက်ထိ ဒိုင်းမွန်း ပလာဇာ၌ ကျင်းပမည် ဖြစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းက ရတနာပုံစူပါ စင်တာ MRCC ရုံးခန်းမ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

အဆိုပါပြပွဲတွင် ကုမ္ပဏီပေါင်း ၁၁၄ ခုမှ ဆိုင်ခန်းပေါင်း ၁၂၈ ဆိုင်တွင် ထိုင်းထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များ၏ စားသောက်ကုန်နှင့် အဖျော်ယမကာ၊ အလှကုန်၊ လက်ဆောင်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ အထည်အလိပ်နှင့် အိမ် အလှဆင် ပစ္စည်းများ အပါအဝင် မိမိတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှု များကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

၎င်း လူသုံးကုန် ပစ္စည်းပြပွဲကို လေးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ''ရေရှည် တည်တံ့သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အတွက် ခြေလှမ်းသစ် လှမ်းခြင်း'' ခေါင်းစဉ် အောက်တွင် မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း ဒုတိယ အကြိမ်မြောက် ကျင်းပသည့်ပွဲ ဖြစ်သည်။

ပြပွဲကို အိမ်နီးချင်း နိုင်ငံဖြစ်သော ထိုင်း၊ နိုင်ငံတကာ ကုန်သွယ်မှု တိုးမြှင့်ရေးဌာနက ကျင်းပပြီး ကုန်သွယ်မှု တိုးမြှင့်ရန်၊ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် နှင့် ထိုင်းနိုင်ငံနှင့် မြန်မာစီးပွားရေး လုပ်ငန်းများ အကြား စီးပွားရေး ကူးလူး ဆက်ဆံမှုများ ထူထောင်နိုင်ရန် မျှော်မှန်း၍ ပြုလုပ်သည့် ပွဲဖြစ်ကြောင်း သိရသည်။

ပြပွဲရက်များ အတွင်း ထိုင်းအစားအစာ သရုပ်ပြခြင်း နှင့်ထိုင်း သစ်သီးအရသာ မြည်းခြင်းများ ပါဝင်မည်ဖြစ်ပြီး ၄င်းပြပွဲတွင် ပါဝင် ပြသသူများ သည်လည်း အစားအစာ သရုပ်ပြခြင်းတွင် မိမိတို့၏ ကုန်စည်များကို ထည့်သွင်း နိုင်ကြောင်း သိရသည်။
.
#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger