www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 16, 2015

ရန်ကုန်မြို့ကို Mega City မြို့တော်အဖြစ် အကောင်အထည်ဖော်မည့် စီမံကိန်း၏ ကာလတိုစီမံကိန်း အတွက် ၂၀၁၈ ခုနှစ်အထိ အပြီးသတ် ဆောင်ရွက်ရန် ရည်ရွယ်ထား



ရန်ကုန် ၊ ၁၆-၁၀-၂၀၁၅

ရန်ကုန်မြို့ကို Mega City မြို့တော်အဖြစ် အကောင်အထည် ဖော်မည့် စီမံကိန်းကို ၂ဝ၄ဝ ပြည့်နှစ်အထိ ကာလတို၊ ကာလလတ်၊ ကာလရှည် ဟူ၍ ရေးဆွဲထားပြီး ကာလတို စီမံကိန်းအတွက်၂ဝ၁၈ ခုနှစ်အထိ အပြီးသတ် ဆောင်ရွက်ရန် ရည်ရွယ် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့် ခွဲမှုဌာနမှ သိရသည်။

ရန်ကုန်မြို့သည် စတုရန်းမိုင် ၃ဝ၆ မိုင် ကျယ်ဝန်းပြီး မြို့တွင်းပိုင်း ကျပ်တည်းမှုကို ဖြေလျှော့နိုင်ရန် မြို့ဧရိယာကို ဘေးသို့ချဲ့နိုင် သမျှချဲ့၍ လုပ်ဆောင် ရမည်ဟု ဂျပန်နိုင်ငံမှ အကြံပြုခဲ့ပြီး အဆိုပါ အစီအစဉ်ကို နိုင်ငံတော် အစိုးရမှလည်း အကောင်အထည် ဖော်သည့် အနေဖြင့် အနောက်တောင်ပိုင်း မြို့သစ်၊ ရန်ကုန် အရှေ့မြောက် ပိုင်းမြို့သစ်၊ မှော်ဘီ၊ သန်လျင်၊ ဒလ၊ ထန်းတပင်နှင့် လှည်းကူး မြို့နယ်တို့၌ မြို့သစ် စီမံကိန်းများ တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ကာလတိုစီမံကိန်း တစ်ခုထဲတွင် စီမံကိန်းပေါင်း ၇၇ ခုရှိကာ အမေရိကန် ဒေါ်လာ လေးဘီလီယံခွဲ ကုန်ကျနိုင်ကြောင်း၊ အခြေခံ အဆောက်အအုံ များအတွက် ငွေကြေး၊ နည်းပညာနှင့် တခြားပံ့ပိုးမှု များကိုလည်း ပြည်ပ နိုင်ငံများမှ ရယူဆောင်ရွက် သွားနိုင်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ရည်ရွယ် ထားကြောင်း သိရသည်။

Mega City အတွက် မြို့ပြ၏ သယ်ယူ ပို့ဆောင်ရေးနှင့် မြို့သစ် ချဲ့ထွင်ရေး အတွက် အဆောက်အအုံများ ဆောက်လုပ်မှု နေရာ ကန့်သတ်ခြင်း၊ အစိမ်းရောင် ဧရိယာ ထိန်းသိမ်းခြင်း တို့ပြုလုပ်ရန် အများပြည်သူ ကိုလည်း ချပြထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger