www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 15, 2015

အရက် ၊ ဘီယာ ၊ ၀ိုင် နှင့် အဖျော်ယမကာ များကို တရားဝင်တင်သွင်းခွင့်ပြု ထားသော်လည်း လျှောက်ထားသူ နည်းပါး


ရန်ကုန် ၊ ၁၅-၁၀-၂၀၁၅

အရက်၊ ဘီယာနှင့် ဝိုင် စသည့် အဖျော်ယမကာ များကို တရားဝင် တင်သွင်းခွင့်ပြု ထားသော်လည်း ခွင့်ပြုပြီး ခုနစ်လကြာ သည်ထိ လာရောက် လျှောက်ထားသူ နည်းပါး နေသေးကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

နိုင်ငံခြားဖြစ် ဝိုင်အမျိုးမျိုးကို ပြည်ပမှ တရားဝင် တင်သွင်းနိုင်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂ဝ၁၅ ခုနှစ် မတ် ၁၇ ရက် ရက်စွဲပါ စာအမှတ် ၁၈/၂ဝ၁၅ ဖြင့် ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်။

ယခင်က အရက်၊ ဘီယာ ၊ ဝိုင် စသည့် အဖျော်ယမကာ တင်သွင်းမှုကို ကန့်သတ်ထား ခဲ့သော်လည်း မြန်မာနိုင်ငံ၏ တိုးတက် ပြောင်းလဲ လာနေသော အခြေအနေ များကြောင့် နိုင်ငံခြား ခရီးသည် ဝင်ထွက်မှု များပြားလာ သဖြင့် နိုင်ငံတကာတွင် ဖွင့်လှစ်ရောင်းချ ပေးနေသည့် Duty Free Shop (အကောက်ခွန်လွတ် အရောင်းဆိုင်များ) တွင် ရောင်းချရန်နှင့် ဟိုတယ်များတွင် အသုံးပြုရန် အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ထောက်ခံချက်နှင့် တင်သွင်းခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ တင်သွင်းခွင့် ကန့်သတ် ထားခဲ့သည့် အရက်၊ ဘီယာနှင့် ဝိုင် စသည့် အဖျော်ယမကာ များတွင် ဝိုင်သည် တိုးတက် ပြောင်းလဲလာသည့် လူမှုပုံစံများ အရ ညစာစားပွဲ များနှင့် ဧည့်ခံပွဲများတွင် အမှတ်သင်္ကေတ တစ်ခုသဖွယ် ထုံးတမ်းစဉ်လာ ကဲ့သို့ အရေးပါသည့် အခန်းကဏ္ဍ တစ်ခု ဖြစ်လာခဲ့သည်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံ များနှင့် ASEAN နိုင်ငံများတွင်လည်း တရားဝင် တင်သွင်းခွင့်ပြု နေကြသည်။ ထို့ကြောင့် ယခင်က ကန့်သတ်ထား သော်လည်း လက်ရှိ ပြည်တွင်း ဈေးကွက် လိုအပ်ချက် အပေါ် မူတည်ကာ အကန့်အသတ် နှင့် ဖြေလျှော့ တင်သွင်းရန် ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဝိုင်တင်သွင်းခွင့် ပြုပေးလိုက်သဖြင့် ပြည်တွင်း ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်း လတ်ဆတ်သော ဝိုင်များကိုသာ တင်သွင်း ခွင့်ပြုခြင်း၊ တရားမဝင် တင်သွင်း ဝင်ရောက် နေသည့် ၀ိုင်များကို စနစ်တကျ ထိန်းချုပ်ပေး နိုင်ခြင်း ၊ နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာ ရရှိစေခြင်း စသည့် အကျိုးများ ရရှိလာမည် ဖြစ်သဖြင့် ခွင့်ပြုပေး ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ခွင့်ပြုပေးခဲ့ သော်လည်း စတင်ခွင့်ပြုချိန်မှ ယခုအချိန်ထိ အချိန်ကာလ ခုနစ်လ ကြာခဲ့ပြီ ဖြစ်သော်လည်း ဝိုင်တင်သွင်းရန် လာရောက် လျှောက်ထားသူ နည်းပါး နေသေးကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger