မြိတ် ၊ ၁၅-၁၀-၂၀၁၅
မြိတ်ကျွန်းစုကို အဏ္ဏဝါဗေဒ ဘေးမဲ့ဇုန် သတ်မှတ်နိုင်ရန် ကမ်းရိုးတန်း တစ်လျှောက်ရှိ သန္တာကျောက်တန်း များနှင့် ရေသတ္တဝါ မျိုးစိတ်များကို နိုင်ငံတကာ တိရစ္ဆာန်နှင့် အပင် ထိန်းသိမ်းရေး အဖွဲ့က ထိန်းသိမ်း စောင့်ရှောက် မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
မြိတ်ကျွန်းစု ၌ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေ ရသော ငါးမန်းနှင့် ရေအောက်ဇီဝ မျိုးစိတ်များကို သုတေသန လုပ်ငန်းများ ပြုလုပ်ခဲ့ပြီး သုတေသန ပြုရာတွင် ငါးမန်းငါး မျိုးစိတ်များ ကျန်ရှိမှု အခြေအနေ၊ရာခိုင်နှုန်းနှင့် နေထိုင် ကျက်စားရာ ဒေသတို့ကို လေ့လာကာ ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင် နေသည်။
မြန်မာနိုင်ငံ၌ ငါးမန်းမျိုးစိတ် ၄ဝ ကျော်ရှိပြီး တရားမဝင် ဖမ်းဆီးမှုကြောင့် မျိုးစိတ်အချို့ ပျောက်ကွယ်ခဲ့ သဖြင့် ငါးမန်းနှင့် ရေအောက် ဇီဝမျိုးစုံ မျိုးကွဲများ သုတေသန ပြုမှုကို သားငှက် ထိန်းသိမ်းရေး အဖွဲ့နှင့် နိုင်ငံတကာမှ အဏ္ဏဝါဗေဒ ပညာရှင်များ၊ ပြည်တွင်း တက္ကသိုလ်များမှ ပညာရှင်များနှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိကြပြီး ရေဝက်၊ ရေနဂါးနှင့် ပင်လယ်မြက် တို့ကိုလည်း ထိန်းသိမ်း စောင့်ရှောက် နိုင်ရန် နိုင်ငံတကာ တိရစ္ဆာန်နှင့် အပင် ထိန်းသိမ်းရေး အဖွဲ့က စီစဉ်လျက် ရှိကြောင်း သိရသည်။
ကျော်လွင်
ရတနာပုံနေ့စဉ် ၊ စာ(၁၀)
#Yadanarpondaily






No comments:
Post a Comment