www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 16, 2015

ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ဘမ်ရွန်ဂရက် ဆေးရုံ က မြန်မာနိုင်ငံ၌ ပုဂ္ဂလိကဆေးခန်း နှင့် ရောဂါရှာဖွေရေး ဆောင်ရွက်မည်


ရန်ကုန် ၊ ၁၆-၁၀-၂၀၁၅

ထိုင်းနိုင်ငံ၏ ဒုတိယ အကြီးဆုံး ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့် အများပိုင်ကုမ္ပဏီ ဘမ်ရွန်ဂရက် ဆေးရုံ (Bumrungrad International) က မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆေးခန်း နှင့် ရောဂါရှာဖွေရေး လုပ်ငန်းများ ဖွင့်လှစ် ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ လုပ်ငန်းခွင့်ပြုချက် လိုင်စင်ရရှိ ထားပြီ ဖြစ်ကြောင်း သိရသည်။

ဘမ်ရွန်ဂရက် သည် အရှေ့တောင် အာရှတွင် လုပ်ငန်းချဲ့ထွင်ရန် ကြိုးပမ်းနေသော ထိုင်း ကျန်းမာရေး စောင့်ရှောက်မှု ကုမ္ပဏီ အချို့တွင် ပါဝင်ပြီး လူဦးရေတိုးပွား လာခြင်း၊ ဝင်ငွေမြင့်မား လာခြင်းနှင့် အသက်ကြီးသူ များလာခြင်း တို့ကြောင့် အရှေ့တောင် အာရှတွင် ကျန်းမာရေး အသုံးစရိတ် မြင့်မား လာမည်ဟု မျှော်လင့်ထားသည်။

ဘမ်ရွန်ဂရက် က ဆေးရုံဝင်ငွေ ၏ ၆၆ ရာခိုင်နှုန်းကို နိုင်ငံခြားသား လူနာများထံမှ ရရှိခြင်းဖြစ်ပြီး မြန်မာ နိုင်ငံသား များသည် ထိုင်းနိုင်ငံသား မဟုတ်သူများ အနက် ဝင်ငွေအများဆုံး ပေးသူများ ဖြစ်ကြောင်း သြဂုတ်လက လေ့လာသူ များသို့ ကုမ္ပဏီက ပြုလုပ်သည့် ရှင်းလင်းတင်ပြမှု တစ်ခုမှ အချက်အလက် များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖွင့်မည့် Bumrungrad Myanmar Co., Ltd ၏ ဆေးခန်း လုပ်ငန်းတွင် Bumrungrad Health Network Co က ရှယ်ယာ ၈ဝ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး Yangon International Medical Services Co., Ltd က ၂ဝ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဟု ကုမ္ပဏီ၏ ကြေညာချက် တွင် ဖော်ပြထားသည်။

ဘမ်ရွန်ဂရက် သည် ပြည်တွင်းတွင် လုပ်ငန်း တိုးချဲ့ရန် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈ အတွင်း ဘတ် ၁၁ ဒသမ ၄ ထရီလီယံ (အမေရိကန် ဒေါ်လာ သန်း ၃၂ဝ) သုံးစွဲရန် ရည်ရွယ်ထားပြီး မွန်ဂိုလီးယားရှိ UB Songdo ယူနစ်ကို ဒေသတွင်း ဆေးရုံကြီး တစ်ခုအဖြစ် ဖွံ့ဖြိုး လာရန်လည်း ရည်မှန်း ထားကြောင်း သိရသည်။

ကျော်လွင်

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger