www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 16, 2015

မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် Apple ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ သန်း ၈၆၀ လျော်ကြေး ပေးရဖွယ်ရှိ


နယူးယောက် ၊ ၁၆-၁၀-၂၀၁၅

Apple ကုမ္ပဏီသည် ၄င်း၏ iOS Device များတွင် အသုံးပြုခဲ့သော A7 Chip နှင့်ပတ်သက်၍ မူပိုင်ခွင့် ချိုးဖောက် ခဲ့သည်ဟု သတ်မှတ်နိုင်သော အခြေအနေ များဖြင့် ရင်ဆိုင်နေရပြီး အမေရိကန် ဒေါ်လာ သန်း ၈၆ဝ လျော်ကြေး ပေးအပ်ရဖွယ် ရှိကြောင်း အမေရိကန် မီဒီယာများမှ ဖော်ပြသည်။

Apple ကို မူပိုင်ခွင့် ချိုးဖောက် ခဲ့သည်ဟု အမေရိကန် တက္ကသိုလ် တစ်ခုဖြစ်သော ဝီလ်ကိုဆင် တက္ကသိုလ်မှ တရားစွဲဆို ထားခြင်း ဖြစ်ပြီး နောက်ဆုံး ပြုလုပ်ခဲ့သော စစ်ဆေးမှုများ အရ A7 Chip နှင့် သက်ဆိုင်သော အချက်အလက် များမှာ ဝီလ်ကိုဆင် တက္ကသိုလ်မှ စွပ်စွဲထား သကဲ့သို့ ဖြစ်နေသည် ဟု သိရသည်။

ဝီလ်ကိုဆင် တက္ကသိုလ်သည် ၁၉၉၈ ခုနှစ်တွင် A7 Chip နှင့်တူညီနေသည့် အချက်အလက် များနှင့် နာမည်ကို မူပိုင်ခွင့်ရရှိ ခဲ့ခြင်းဖြစ်ပြီး Apple မှ A7 Chip ကိုစတင် မိတ်ဆက် အသုံးပြုစဉ် ကတည်းက မူပိုင်ခွင့် ချိုးဖောက်ရာ ရောက်နေသည်ဟု သတိပေး ခဲ့ခြင်းဖြစ်သည်။

Apple သည် သတိပေးမှု များကို ပယ်ချ ခဲ့ခြင်းကြောင့် ဝီလ်ကိုဆင် တက္ကသိုလ် မှ သက်ဆိုင်ရာ ဒေသတရားရုံး၌ မူပိုင် ခွင့်ချိုးဖောက်မှု ဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။ Apple ၏ ရှေ့နေများက Apple ကုမ္ပဏီအနေဖြင့် မူပိုင်ခွင့် ချိုးဖောက်မှု မရှိကြောင်း ငြင်းဆို ထားသော်လည်း ဂျူရီလူကြီး အများစုက မူပိုင်ခွင့် ချိုးဖောက်ရာ ရောက်သည်ဟု ယုံကြည် နေသောကြောင့် Apple မှာ စံချိန်တင် ဒဏ်ငွေ ပေးဆောင်ရမည့် အခြေအနေနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger