www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 15, 2015

2nd South East Asian Cup Squash Championship ပြိုင်ပွဲ မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်



ရန်ကုန် ၊ ၁၅-၁ဝ-၂ဝ၁၅

2nd South East Asian Cup Squash Championship ပြိုင်ပွဲကို အားကစားဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံ Squash အဖွဲ့ချုပ်တို့ ပူးပေါင်းကာ မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

Squash အားကစား နည်းသည် တင်းနစ် အားကစားနည်းနှင့် ဆင်တူပြီး ပြိုင်ပွဲဝင် များသည် မှန်လုံခန်း အတွင်း၌ သေးငယ်သော ဘောလုံးကို အမှတ်ပေး စနစ်ဖြင့် ရိုက်ကစားကာ ကြည့်ရှုသူ များက အပြင်မှကြည့်ရှု အားပေးရသည့် အားကစားနည်း ဖြစ်သည်။

ဆီးဂိမ်းဝင် နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံ ၁ဝဝ ကျော်တွင် ကျယ်ပြန့်စွာ ဆော့ကစားကြပြီး မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ကစားနည်း တွင်ကျယ်ခြင်း မရှိသေး သော်လည်း ဆီးဂိမ်း ပြိုင်ပွဲသို့ နှစ်ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ဖူးကြောင်း သိရသည်။

အဆိုပါအာရှ Squash ပြိုင်ပွဲသို့ မြန်မာ အားကစား သမားများ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြင့် နိုင်ငံတကာ အတွေ့အကြုံများ ရရှိစေပြီး နည်းစနစ်ပိုင်း လည်း တိုးတက် ကောင်းမွန် လာမည်ဖြစ်ကာ Squash အားကစား နည်းကို မြန်မာ ပြည်သူများ အကြား ပိုမိုကျယ်ပြန့်စွာ သိရှိလာစေရန် ရည်ရွယ်၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပ ရခြင်း ဖြစ်သည်။

'' Squash အားကစား နည်းဟာ မြန်မာနိုင်ငံမှာ လူသိနည်းတဲ့ အားကစားနည်း ဖြစ်လို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပ တဲ့အခါ နိုင်ငံတကာ အဆင့်မီအောင် စီစဉ် ဆောင်ရွက်သင့်တယ်။ မြန်မာအသင်း အနေနဲ့ ထိုက်သင့်တဲ့ ဆုတံဆိပ်တွေ ရရှိအောင် ကြိုးစားကြဖို့ မျှော်လင့်ပါတယ်'' ဟု အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက် က အဆိုပါ ပြိုင်ပွဲနှင့် ပတ်သက်၍ ပြောသည်။

ပထမအကြိမ် South East Asian Cup Squash Championship ပြိုင်ပွဲကို စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၌ ကျင်းပမည့် ဒုတိယ အကြိမ်ပြိုင်ပွဲကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ ၁၇ ရက်အထိ နေပြည်တော်ရှိ ကမ္ဘာ့အဆင့်မီ Squash အားကစားရုံ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။ ၄င်းပြိုင်ပွဲသို့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် အိမ်ရှင်မြန်မာ အသင်းတို့ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းနှင့် အသင်းလိုက် ရှုံးထွက်ပြိုင်ပွဲ နှင့် အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲများ ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger