www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 18, 2015

ရင်သားကို မဖွံ့ဖြိုးစေရန် အပူတိုက်ခြင်းကြောင့် ရင်သားဆိုင်ရာ ကျန်းမာရေး ထိခိုက်နိုင်


လန်ဒန် ၊ ၁၆-၁၀-၂၀၁၅

အမျိုးသား များ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မခံရစေရန် အပျိုဖော်ဝင်စ အမျိုးသမီး များကို အပူပေး ထားသော ကျောက်တုံးများ၊ တူများသုံး၍ ပူသည့်အရာ ဝတ္ထုများဖြင့် ရင်သားကို ပြားအောင် ပြုလုပ်သည့် ရင်သား အပူတိုက်ခြင်းကို ကင်မရွန်းနိုင်ငံ၊ နိုင်ဂျီးရီးယား နိုင်ငံနှင့် တောင်အာဖရိက နိုင်ငံတို့တွင် ဓလေ့တစ်ခု အဖြစ် လုပ်ဆောင် နေကြသည်မှာ အမျိုးသမီးငယ် များ၏ ကျန်းမာရေး များစွာ ထိခိုက်နိုင်ကြောင်း သိရသည်။

အပျိုဖော်ဝင်စ အမျိုးသမီး များ၏ ရင်သားကို မဖွံ့ဖြိုးစေရန်၊ ရင်သားပြား စေရန် ပြုလုပ်ခြင်း များကြောင့် ၄င်းအမျိုးသမီး များတွင် ကင်ဆာရောဂါ ဖြစ်ပွားခြင်း၊ ကြွက်သားများ ပျက်စီးခြင်း၊ နာကျင် ကိုက်ခဲခြင်း နှင့် နို့ရည် မထွက်ခြင်း ပြဿနာများ ရင်ဆိုင် လာကြရသည်။

ဆင်းရဲသော မိသားစုများက အပူပေးထားသော ကျောက်တုံး များဖြင့် ရင်သားကို ဖိပေးခြင်း၊ တူများ အသုံးပြုခြင်းက မိမိကလေးကို ညှဉ်းပန်း နှိပ်စက်ရာ ရောက်စေ သကဲ့သို့ ဖြစ်နေပြီး ငွေကြေး တတ်နိုင်သော မိသားစုများက ရင်သားကို ခါးပတ်ဖြင့် တင်းတင်း ကျပ်ကျပ် ပတ်ထားခြင်းဖြင့် ရင်သား ဖွံ့ဖြိုးမှုကို တားဆီးသည့် အပြုအမူများ လုပ်ဆောင် နေကြသည်။

ယခုကဲ့သို့ ရင်သား အပူတိုက်ခြင်း ဟုခေါ်သည့် လုပ်ဆောင်နေမှုကို ကင်မရွန်း၊ နိုင်ဂျီးရီးယားနှင့် တောင်အာဖရိကမှ မိခင်များက ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေ ကြသည်မှာ တစ်နိုင်ငံချင်း စီ၏ ၅၈ ရာခိုင်နှုန်း ကျော်ရှိကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီး၏ သတင်းလွှာ အရ သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်နေမှုကို ဗြိတိန်အခြေစိုက် အမျိုးသမီးများ နှင့် မိန်းကလေးများ ဖွံ့ဖြိုးရေး အဖွဲ့ကြီးမှ ရဲဝန်ထမ်းများ၊ လူမှုဝန်ဆောင်မှု အဖွဲ့များ၊ ကျန်းမာရေး ဌာနများနှင့် ကျောင်းများကို ရင်သား အပူတိုက်ခြင်းကို တားဆီးရန် သတိပေး ဆောင်ရွက်မှုများ ပြုလုပ် နေကြကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း ရင်သားအပူ တိုက်ခံရသူ အမျိုးသမီးပေါင်း ၃ ဒသမ ၈ သန်းကျော် ရှိနေကြောင်း ဗြိတိန်အခြေစိုက် အမျိုးသမီးများ နှင့်ဖွံ့ဖြိုးရေး အဖွဲ့ကြီးမှ ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger