www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 18, 2015

ဗြိတိန်အမျိုးသမီး များတွင် Selfies ရိုက်ပြီး Like များများရချင်သည့် ရောဂါ ဖြစ်ပေါ်နေ


လန်ဒန် ၊ ၁၆-၁၀-၂၀၁၅

မိမိကိုယ်ကို Selfies ရိုက်၍ အင်တာနက်တွင် တင်သည့်အခါ Like များများရချင်သည့် ရောဂါတစ်မျိုး ဗြိတိန် အမျိုးသမီး အများစုတွင် ဖြစ်ပေါ်နေပြီး မိမိလိုသလောက် Link မရပါက စိတ်ဓာတ် ကျဆင်းမှုများ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုများ ရှိလာကြောင်း Dove Self-Esteem Project ၏ သုတေသနပြု လေ့လာချက် အရ သိရသည်။

Selfies ရိုက်မှုများကြောင့် အသက် ၁၃ နှစ်နှင့် ၁၈ နှစ်ကြား အမျိုးသမီးများတွင် အပြင်ထက် အွန်လိုင်းတွင် ပို၍ လှနေသည်ဟု စိတ်ဖိစီး နေရမှုမျိုး နှစ်ဆမြင့်တက်လာကြောင်း လေ့လာ တွေ့ရှိခဲ့ရပြီး အမျိုးသမီး တစ်သန်းခန့်က မိမိတို့၏ ခန္ဓာကိုယ် အလှအပကို ယုံကြည်မှု လျော့ကျကာ စိတ်ဘဝင်မကျ ဖြစ်လာနေသော စိတ်ရောဂါတစ်မျိုး ခံစားလာ နေကြရသည်။

သုတေသနပြုမှု အသစ်အရ အသက် ၁၃ နှစ်နှင့် ၂၃ နှစ်ကြား အမျိုးသမီး များသည် အွန်လိုင်းတွင် တစ်ချိန်လုံး ရှိနေတတ်ကြပြီး ပျမ်းမျှအားဖြင့် တစ်ရက်လျှင် Selfies တစ်ပုံတင်လေ့ ရှိကြသည်။ တစ်ရက်လျှင် Selfies ၁ဝ ကြိမ်ခန့်တင်သော အသက် ၁၄ နှစ်အရွယ် ကျောင်းသူလေး အန်နီက Like ၇၅ ခုမရလျှင် မိမိတင်ထားသော ပုံကို ဖျက်ပစ်ကြောင်း၊ Like အများကြီး ရပါက ၄င်းနေ့ တစ်နေ့လုံး ပျော်ရွှင် နေရကြောင်း၊ မိမိ ရည်ရွယ်ချက်မှာ Like ၂ဝဝ ကျော်ရလိုကြောင်း ၄င်း၏ ခံစားချက်ကို ပြောပြသည်။

အချို့သော မိန်းကလေးများ ကလည်း အကြိမ် ၅ဝ - ၁ဝဝ ဓာတ်ပုံရိုက်၍ လူမှုကွန်ရက် များပေါ် မတင်မီ မိမိပုံနှင့် ပတ်သက်၍ သူငယ်ချင်းများ၏ အမြင်များကို မေးပြီး နောက်ဆုံး၌ပုံကို လူမှုကွန်ရက်ပေါ် တင်ခြင်းမျိုး ပြုလုပ်ကြသည်။ Like ၄ဝ ကျော်မရပါက မိမိ၏ပုံ ဘာဖြစ် နေသည်ဆိုသော ခံစားမှုမျိုး ဝင်ကာ စိတ်ဖိစီးရခြင်း၊ ပေးလာသော Comment များကို ဖတ်ရခြင်း မျိုးဖြင့် Selfies နှင့်ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစား
နေကြရသည်။

Dove Self-Esteen Project ၏ သုတေသန အသစ်အရ ဗြိတိန်နိုင်ငံရှိ မိန်းကလေး တစ်သန်းကျော်သည် မိမိကိုယ်ခန္ဓာ အလှကို စိတ်ဘဝင်မကျ ဖြစ်နေကြပြီး သုံးပုံတစ်ပုံသည် အပြင် လောကထက် အွန်လိုင်းတွင် မိမိပုံက ပိုလှနေသည့် ခံစားမှုမျိုး ဝင်နေကြ သည်ကို တွေ့ရှိခဲ့ရသည်။

Dove Self-Esteen Project ၏ သုတေသနပြုမှု နှင့်ဆက်စပ်၍ ဗြိတိန်နိုင်ငံရှိ အသက် ၁၃ နှစ်နှင့် ၂၃ နှစ်ကြား မိန်းကလေး ဦးရေ ၁ဝဝဝ ကျော်က No Like Needed အမည်ဖြင့် ကမ်ပိန်းတစ်ခု ပြုလုပ်ကာ အမျိုးသမီး လေးများ အနေဖြင့် မိမိ၏ Selfies တင်မှုကို လူမှုကွန်ရက် များက ပေးလာသည့် Like များထက် မိမိကိုယ်မိမိ တန်ဖိုးထား ယုံကြည်မှု ရှိစေရန် တိုက်တွန်းထားသည့် လှုပ်ရှားမှု တစ်မျိုးကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger