www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 14, 2015

ဂျိုးဖြူနှင့် လှော်ကား ရေလှောင်ကန်များမှ ရေဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးကို ပုံစံပြောင်းပြီး ဇုန်အလိုက်ခွဲခြား၍ ရေပေးဝေနိုင်ရန်စီစဉ်


ရန်ကုန် ၊ ၁၄-၁ဝ-၂ဝ၁၅

ရန်ကုန်မြို့အတွင်း ရေပေးဝေ နေသော ဂျိုးဖြူနှင့် လှော်ကား ရေလှောင်ကန် များမှ ရေဖြန့်ဖြူးသည့် စနစ် တစ်ခုလုံးကို ပုံစံပြောင်းပြီး ဇုန်အလိုက် ခွဲခြား၍ ရေပေးဝေ နိုင်ရန် စီစဉ်ဆောင်ရွက် နေပြီဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့ပြနှင့် မြေယာ စီမံခန့်ခွဲမှု ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ထိုသို့ ရေပေးဝေရေး စနစ်ကို ပြောင်းလဲရာတွင် ဇုန် ၁ဝ ဇုန်ခွဲခြား၍ ရေဖြန့်ဖြူးမှု အစီအစဉ် လုပ်ဆောင်မည် ဖြစ်ပြီး ဇုန်အလိုက် ရေပေးဝေ နိုင်ရန် ရေလှောင်ကန်၊ ရေစုပ်စက်များ စတင် စုဆောင်းခြင်း အပါအဝင် ရေပေးဝေရေး စနစ်သစ် များကို စတင် ပြင်ဆင်နေပြီး ရေရရှိရေး သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ဆက်စပ် ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့၌ လူဦးရေ ငါးသန်းအတွက် နေ့စဉ် ရေဂါလန် သန်း ၁၅ဝ ခန့် ဖြန့်ဖြူးပေး နေရပြီး ရေပေးဝေ နိုင်မည့် အရင်းအမြစ်များ ရှာဖွေတွေ့ရှိ ထားကာ ထိုသို့ ရေပေးဝေမှု မှတစ်ဆင့် အလေအလွင့် ၆ဝ ရာခိုင်နှုန်း အထိ ရှိနေသောကြောင့် သုံးစွဲသူ များ၏ လက်ထဲတွင် အလေအလွင့် မရှိစေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရေသုံးစွဲမှု တိုးလာနိုင်သည့် သီလဝါ အထူး စီးပွားရေးဇုန် အတွက်လည်း တိုးမြစ်မှတစ်ဆင့် ဒလနှင့် သီလဝါဒေသ တို့သို့ ရေပေးဝေ နိုင်ရေး စီမံကိန်းများ လုပ်ဆောင်နေပြီး နောက်ပိုင်းတွင် ထပ်တိုးလာသည့် အထပ်မြင့် အဆောက်အအုံ တည်ဆောက်မှု များကြောင့် ကိုယ်ပိုင် အဝီစိတွင်း တူးသူများကို ဂျိုးဖြူနှင့် လှော်ကားတို့မှ ရေပေးဝေမှု လျှော့ချမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဇုန်အလိုက် ရေပေးဝေ နိုင်ရေး အစီအစဉ် အဖြစ် ကမ္ဘာအေး ဘုရားလမ်းတွင် JICA ၏ အကူအညီဖြင့် ရေပိုက်လိုင်း တစ်ခု လုပ်ဆောင်နေပြီး ရေသန့်စင် စက်ရုံများ တည်ဆောက်ရန် လျာထားကာရေပေးဝေရေး စနစ် အပါအဝင် ရန်ကုန်မြို့၏ နှစ်စဉ် ရေကြီး ရေလျှံမှု ဒဏ်ကိုပါ ဖြေလျှော့ ပေးနိုင်သည့် အစီအစဉ်များ ရေးဆွဲ ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger