www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 15, 2015

အထည်ချုပ်လုပ်ငန်းမှ ၂၀၁၅ ခုနှစ်အတွင်း ပြည်ပတင်ပို့မှု အနေဖြင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံရရှိရန် မျှော်မှန်းထား



ရန်ကုန် ၊ ၁၅-၁၀-၂၀၁၅

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းများမှ ၂ဝ၁၅ ခုနှစ်အတွင်း ပြည်ပ တင်ပို့မှု ဝင်ငွေ အမေရိကန် ဒေါ်လာ ၂ ဘီလီယံခန့် ရရှိရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းများမှ ပြည်ပတင်ပို့မှု အနေဖြင့် ၂ဝ၁၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၉ဝ၈ သန်း၊ ၂ဝ၁၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ၊ ၂ဝ၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၆ ဘီလီယံ ရရှိထားပြီး ယင်း ငွေပမာဏသည် ပြည်တွင်း အထည်ချုပ် လုပ်ငန်းအားလုံးမှ ရရှိခြင်း မဟုတ်ဘဲ နိုင်ငံခြား ကုမ္ပဏီများမှ အပ်သည့် ကုန်ကြမ်းများကို ချုပ်ပေးရသော လက်ခကို ရာခိုင်နှုန်း တစ်ခု အနေဖြင့်သာ ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အထည်ချုပ် ကဏ္ဍသည် CMP လုပ်ငန်းများသာ ဖြစ်နေပြီး တခြားနိုင်ငံများ ကဲ့သို့ FOB စနစ်ဖြင့် လုပ်ကိုင်နေခြင်း မဟုတ်သည့် အတွက် အမြတ်အစွန်း နည်းပါးလျက် ရှိသည်။ CMP လုပ်ငန်းများသည် အခွန် ကင်းလွတ်ခွင့် အကန့်အသတ် မရှိဖြစ်နေ သကဲ့သို့ ပြည်တွင်း၌ ဆေးဆိုး ပန်းရိုက်နှင့် အထည်အလိပ် လုပ်ငန်း လာရောက် လုပ်ကိုင်ရာတွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိဖြစ်နေရာ CMP လုပ်ငန်းများ ခံစားခွင့် ရရှိနေမှုများကို ပြန်လည်သုံးသပ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

လက်ရှိတွင် အထည်ချုပ် လုပ်ငန်းများ၌ ကြုံတွေ့ နေရသော အခက်အခဲမှာ သယ်ယူ ပို့ဆောင်ရေး၊ အလုပ်သမားများ အလုပ်လုပ် ချင်အောင် ဆွဲဆောင်နိုင်မှု မရှိခြင်း၊ လုပ်ငန်းခွင် တည်ငြိမ်မှု မရှိခြင်းတို့မှာ နိုင်ငံတကာ မှ ပြန်လည် စိတ်ဝင်စား လာသော ဈေးကွက်အပေါ် ရေရှည်တွင် ရိုက်ခတ် လာနိုင်ပြီး အားသာချက်မှာ ဒေသတွင်း နိုင်ငံများထက် လုပ်ခ သက်သာမှု တစ်ခုသာ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ အဓိက အပ်ထည်များ ပေးပို့နေသော တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံ တို့မှလည်း ချုပ်ထည်များ အချိန်မီ တင်ပို့ရန် အားနည်းချက် များကြောင့် ဗီယက်နမ် နိုင်ငံသို့ ပြောင်းရွှေ့၍ လုပ်ငန်း အပ်နှံမှုများ ရှိနေကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger