www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 3, 2015

အလိုအလျှောက် မိုးလေ၀သတိုင်း ကိရိယာများကို ပြည်တွင်းရှိ အင်တာနက် ရရှိသည့်ဒေသများတွင် ဦးစားပေး တပ်ဆင်သွားမည်


ရန်ကုန် ၊ ၃-၉-၂၀၁၅

မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးရှိ မြို့ပေါင်း ၃ဝ တွင် အင်တာနက်နှင့် ချိတ်ဆက် ထားသည့် အလိုအလျောက် မိုးလေဝသတိုင်း ကိရိယာများကို တပ်ဆင်သည့် စီမံကိန်းများ ဆောင်ရွက်လျက် ရှိရာ လက်ရှိတွင် အဆိုပါ မိုးလေဝသတိုင်းကိရိယာများကို ပြည်တွင်းရှိ အင်တာနက် ရရှိပြီး လိုင်းအား ကောင်းသည့် ဒေသများတွင် ဦးစားပေး တပ်ဆင်မှုများ ပြုလုပ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''အင်တာနက် ရရှိပြီး လိုင်းအားကောင်း တဲ့ ဒေသမှာ ဦးစားပေး အနေနဲ့ တပ်ဆင်ပြီး အသုံးပြုမယ်။ ပြီးမှ အင်တာနက် မရရှိတဲ့ နေရာတွေမှာ အချိန်ယူပြီး အလိုအလျောက် မိုးလေဝသတိုင်း ကိရိယာ တွေကို တပ်ဆင် သွားမှာပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဖြစ်မနေ တပ်ဆင် သွားမှာပါ'' ဟု ၄င်းက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနသည် မြန်မာနိုင်ငံ အတွင်း၌ အဆိုပါ အလိုအလျောက် မိုးလေဝသတိုင်း ကိရိယာ များကို တပ်ဆင်ရန် ကုန်ကျစရိတ် အနေဖြင့် အမေရိကန် ဒေါ်လာ ၃၄ သန်းခန့် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း၌ အဆိုပါ အလိုအလျောက် မိုးလေဝသတိုင်း ကိရိယာများ ကို မြို့ကြီး ငါးမြို့၌ တပ်ဆင်ထားပြီ ဖြစ်ကြောင်း သိရသည်။ 

အလိုအလျောက် မိုးလေဝသတိုင်း ကိရိယာများကို မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ၂ဝ၁၆ ခုနှစ်ထဲတွင် မြို့ပေါင်း ၃ဝ ၌ အပြီးတပ်ဆင် သွားမည် ဖြစ်သည်။ ယင်းကိရိယာ သည် အပူပိုင်း မုန်တိုင်း အခြေအနေ နှင့် ရွေ့လျားရာ လမ်းကြောင်း ကို အချိန်နှင့် တစ်ပြေးညီ ကြိုတင် ထောက်လှမ်း သိရှိနိုင်ခြင်း၊ မုန်တိုင်း ကျရောက်စဉ် လေတိုက်နှုန်းကို တိကျစွာ တိုင်းထွာပေးခြင်း၊ စသည့် အချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပေး နိုင်ကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger