www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 3, 2015

ရက် ၃၀ အတွင်း သတ်မှတ်ထားသည့် အနည်းဆုံးလုပ်အားခ နှုန်းထားအတိုင်း ပေးချေမှုမရှိသည့် အလုပ်ရှင်များအား ဥပဒေအရ အရေးယူသွားမည်


ရန်ကုန် ၊ ၃-၉-၂၀၁၅

နိုင်ငံတော် အစိုးရမှ တရားဝင် အတည်ပြု သတ်မှတ် လိုက်သည့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို စတင် အတည်ပြုသည့် နေ့ရက်မှ စ၍ ရက် ၃ဝ အတွင်း ပေးချေမှု မရှိသော အလုပ်ရှင် များအား ဥပဒေအရ အရေးယူ သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အနည်းဆုံး အခကြေးငွေ နှုန်းထားအား စက်တင်ဘာ ၁ ရက်မှ စတင်၍ တစ်နေ့ အလုပ်ချိန် ရှစ်နာရီတွင် ကျပ် ၃၆ဝဝ အဖြစ် သတ်မှတ်ခဲ့ရာ သတ်မှတ်နှုန်းထား အတိုင်း ပေးချေမှု မရှိပါက သက်ဆိုင်ရာ မြို့နယ် အလုပ်သမားရုံးသို့ လာရောက် တိုင်ကြား နိုင်ကြောင်း နှင့် ရက် ၃ဝ အတွင်း သတ်မှတ်နှုန်းထား အတိုင်း ပေးချေရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အနည်းဆုံး အခကြေးငွေ သည် လုပ်သား ၁၅ ဦးနှင့် အထက်ရှိသော လုပ်ငန်းခွင် များနှင့် သက်ဆိုင်ပြီး ဥပဒေအရ အလုပ်သင် ကာလတွင် ၅ဝ ရာခိုင်နှုန်းသာ ပေးချေ ရမည်ဖြစ်ကာ အမြဲတမ်း ဝန်ထမ်း ဖြစ်ပါက အနည်းဆုံး အခကြေးငွေ ကျပ် ၃၆ဝဝ အောက် လျော့နည်း၍ ပေးချေခွင့် မရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် သတ်မှတ်နှုန်းထား အတိုင်း ပေးချေမှုရှိ၊ မရှိအား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အနည်းဆုံး အခကြေးငွေ ဥပဒေ ပုဒ်မ ၂၂ အရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေကို အလုပ်သမားအား ပေးအပ်ခြင်း မပြုပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည် ဖြစ်ကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger