www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 1, 2015

မြန်မာနိုင်ငံထုတ် ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများတွင် ကျန်းမာရေးသတိပေးရုပ်ပုံ နှင့် စာသားများဖော်ပြရန် အမိန့်ကြော်ငြာစာကို မကြာမီ ထုတ်ပြန်မည်



ရန်ကုန် ၊ ၁-၉-၂၀၁၅

မြန်မာနိုင်ငံ၌ ထုတ်လုပ်သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများတွင် ကျန်းမာရေး သတိပေး ရုပ်ပုံနှင့် စာသားများ ဖော်ပြရန် အမိန့် ကြော်ငြာစာကို မကြာမီ ထုတ်ပြန်တော့မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

အမိန့် ကြော်ငြာစာ ထုတ်ပြန်ပြီး ပါက ခြောက်လအတွင်း အသက်ဝင်မည် ဖြစ်ပြီး အကောင်အထည် ဖော်ရန် ဆေးလိပ်နှင့် ဆေးရွက်ကြီး စက်ရုံများကို ရုပ်ပုံများ ဖြန့်ဖြူးခြင်း၊ ဟောပြောခြင်း တို့ကို ဆက်လက်လုပ် ဆောင်ရမည် ဖြစ်ကာ ဆေးလိပ်နှင့် ဆေးရွက်ကြီး ဆိုင်ရာ သတိပေး ရုပ်ပုံများမှာ ဆေးရွက်ကြီး၏ အန္တရာယ် ဖြစ်စေသည့် ကင်ဆာပုံ များနှင့် ကလေးများ အသက်ရှူ လမ်းကြောင်းတွင် ရောဂါဖြစ်ပွား နေသည့်ပုံများ ဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးက ရေးဆွဲ သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ကြီးမှူးကာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှု လျော့ကျရေး အတွက် အပြည်ပြည်ဆိုင်ရာ သဘော တူစာချုပ် တစ်ရပ်အဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၊ ဆေးရွက်ကြီး ထိန်းချုပ်ရေး အပြည်ပြည် ဆိုင်ရာ သဘောတူ စာချုပ်ကို ၂ဝ၁၃ ခုနှစ်၊ မေလတွင် ကမ္ဘာ့နိုင်ငံ များက သဘောတူ ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကလည်း အဆိုပါ သဘောတူ စာချုပ်ကို ၂ဝ၁၃ ခု နှစ်၊ အောက်တိုဘာလ တွင် လက်မှတ်ရေးထိုး ခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဧပြီ ၂ဝ ရက်တွင် အတည်ပြု ခဲ့ကြောင်း သိရသည်။

စီးကရက်ဘူး များတွင် ထည့်သွင်း ဖော်ပြရမည့် စာတမ်း၊ ရုပ်ပုံများနှင့် ပတ်သတ်ပြီး သုံးစွဲသင့်သည့် စာသားနှင့် ရုပ်ပုံ၊ ထည့်သွင်း ဖော်ပြသင့်သည့် နေရာ၊ ရုပ်ပုံစာသား၏ အရွယ်အစား၊ အရောင်အသွေး နှင့် အဓိက အသုံးပြုရမည့် ဘာသာစကား စသည့် လိုက်နာ သင့်သည့် အခြေခံ အချက် ရှစ်ချက် အပါအဝင် အခြား အချက်အလက် များကို စာချုပ်တွင် အသေးစိတ် ဖော်ပြ ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ်က သေဆုံးသူ စုစုပေါင်း၏ ၅၉ ရာခိုင်နှုန်း သည် မကူးစက် တတ်သည့် ရောဂါများ ကြောင့်ဖြစ်ပြီး အသက် ၃ဝ နှင့် ၇ဝ ကြားရှိ လူလေးဦး မြန်မာနိုင်ငံ၌ ထုတ်လုပ်သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းများတွင် တစ်ဦးမှာ ဆီးချို၊ သွေးတိုး၊ နှလုံး နှင့် ကင်ဆာရောဂါ စသော မကူးစက် တတ်သည့် ရောဂါများ ကြောင့် ဖြစ်ကာ ကင်ဆာရောဂါ ဖြစ်ပွား၍ သေဆုံးသူ ၁၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger