![]() |
| ပန်ဆောင်ဒေသမှ အိန္ဒိယနိုင်ငံသို့ သွားသော လမ်းပေါ်ရှိ နန်ပေါင်မြို့အား တွေ့ရစဉ် |
စစ်ကိုင်း ၊ ၁-၉-၂ဝ၁၅
တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံ နယ်စပ်ဖြစ်သည့် နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် နယ်စပ်ဈေး ဖွင့်လှစ်ရန် အချိန်ယူ ရမည် ဖြစ်ကြောင်း သိရသည်။
နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်ဒေသ ၌ ဖွင့်လှစ်မည့် နယ်စပ်ဈေး အနီးတွင် တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့မှ ပိုင်ဆိုင်မှု အငြင်းပွား နေသောကြောင့် ဈေးဖွင့်မည့် ကိစ္စများကို မြန်မာနိုင်ငံမှ ဆိုင်းငံ့ထား ရကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စီမံကိန်း နှင့် စီးပွားရေး ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ နယ်စပ်ဈေး ဖွင့်လှစ်မည့် နေရာသည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု ဖြစ်သည့် ပန်ဆောင်ဒေသ နှင့် အိန္ဒိယနိုင်ငံ နန်ပေါင်ဒေသ တို့အား ပေါင်းကူးကာ နယ်စပ်ဈေး အဖြစ် ဖွင့်လှစ်ရန် စီစဉ်ထား
သော်လည်း ယခုအခါ နန်ပေါင်ဒေသ သည် တရုတ်နိုင်ငံမှ ၄င်းတို့ ပိုင်ဆိုင်သည်ဟု ဆိုကာ အငြင်းပွား နေသည့်အတွက် ယခုကဲ့သို့ ဆိုင်းငံ့ထားခြင်း ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။(၄၄၃)
မြ၀တီနေ့စဉ် ၊ စာ(၆)
#Themyawadydaily






No comments:
Post a Comment