www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 6, 2015

ကြယ်ပဲများကို ပြည်ပသို့တင်ပို့နိုင်ရန် ကုမ္ပဏီများမှ ပြည်တွင်းရှိ တောင်သူများအား စာချုပ်ဖြင့် စိုက်ပျိုးစေကာ ပြန်လည်ဝယ်ယူနေ




ရန်ကုန် ၊ ၆-၉-၂၀၁၅

ပြည်တွင်းရှိ ကုမ္ပဏီများမှ ထိုင်းနိုင်ငံမှ အစ္စရေး ကြယ်ပဲမျိုး များအား တင်သွင်းပြီး တောင်သူများ အား ငါးနှစ်မှ ၁၅ နှစ်စာချုပ် များဖြင့် စိုက်ပျိုးစေကာ ပြန်လည် ဝယ်ယူ၍ ၄င်းကြယ်ပဲ များအား ပြည်ပသို့ ပြန်လည် တင်ပို့ရန် ဆောင်ရွက် နေကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးရွာတွင် စာချုပ်ဖြင့် အများဆုံး စိုက်ပျိုး နေကြပြီး ကြယ်ပဲ စိုက်ပျိုးဧက ၁ဝဝ ကျော်အား စမ်းသပ်စိုက်ပျိုးကာ ပြည်တွင်းရှိ ကုမ္ပဏီများမှ ၄င်းဒေသရှိ ဒေသခံ တောင်သူများအား ငါးနှစ်မှ ၁၅ နှစ်စာချုပ် များဖြင့် စိုက်ပျိုးစေကာ ထွက်ရှိလာသော ကြယ်ပဲများအား ပြန်လည် ဝယ်ယူမှုများ ပြုလုပ် နေကြောင်း သိရသည်။

ကြယ်ပဲသည် မိုးဦးကာလတွင် စတင်စိုက်ပျိုး လုပ်ကိုင်ကြပြီး ၁ ဧကလျှင် ကြယ်ပဲအပင် ၇ဝ ခန့်အထိ စိုက်ပျိုးနိုင်သည်။ အပင် တစ်ပင်လျှင် အသီး အရေအတွက် ၁ဝ လုံးကျော် ပါရှိသဖြင့် တစ်ကြိမ် ဆွတ်ခူးလျှင် ၂ ကီလိုအထိ ဆွတ်ခူးနိုင်ပြီး ၁ ဧကလျှင် ကီလို ၁၂ဝဝ မှ ကီလို ၁၅ဝဝ အထိ ထွက်ရှိနိုင်ကာ တစ်နှစ်ပတ်လုံး ဆွတ်ခူးနိုင်သဖြင့် တောင်သူများမှ အထူး စိတ်ဝင်စားကာ ယခုလို စာချုပ်များ ချုပ်ဆို၍ စိုက်ပျိုးမှုများ ပြုလုပ် နေကြခြင်း ဖြစ်သည်။

ယခုချိန်တွင် ကြယ်ပဲအား တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့က ပြည်တွင်းမှ ထွက်ရှိသော ကြယ်ပဲအား ဝယ်ယူလိုမှု များကြောင့် ပြည်တွင်းကုမ္ပဏီ များအနေဖြင့် တောင်သူများအား နှစ်ရှည် စာချုပ်ချုပ်ပြီး အော်ဂဲနစ် သီးနှံအဖြစ် စိုက်ပျိုးစေကာ ပြည်ပသို့ ပြန်လည် တင်ပို့ရန် စီစဉ်ဆောင်ရွက် နေခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိအချိန်တွင် ကြယ်ပဲ ၁ ကီလိုလျှင် ကျပ် ၂ဝဝဝ ဈေးနှုန်းရှိပြီး ၁ ဧကလျှင် ကြယ်ပဲကီလို ၁၂ဝဝ မှ ၁၅ဝဝ အထိ ထွက်ရှိ သောကြောင့် ကြယ်ပဲ ၁ ဧက၏ ဝင်ငွေမှာ ကျပ် ၂၄ သိန်းမှ သိန်း ၃ဝ အထိ ရရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger