www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 6, 2015

စွန့်ပစ်အမှိုက်မှ စွမ်းအင် ထုတ်လုပ်သည့် စက်ရုံကိုရန်ကုန်မြို့၌ ပထမဆုံး တည်ဆောက်လျက်ရှိ



ရန်ကုန် ၊ ၆-၉-၂၀၁၅ 

ဂျပန်နိုင်ငံ JFE Engieering Corporatio က အရှေ့ တောင်အာရှတွင် ပထမဆုံးစွန့်ပစ် အမှိုက်မှ စွမ်းအင် ထုတ်လုပ်သည့် စက်ရုံကို ရန်ကုန်မြို့၌ တည်ဆောက် လျက် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ယခု စွန့်ပစ် အမှိုက်သုံး စွမ်းအင် ထုတ်လုပ်ရေး စက်ရုံသည် ဂျပန်အစိုးရ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ခွင့်ပြုချက်ရ JFE Engieering Corporatio ၏ အရှေ့တောင် အာရှတွင် တည်ဆောက်သော ပထမဆုံး စက်ရုံဖြစ်သည်။ စွန့်ပစ် အမှိုက်မှ စွမ်းအင် ထုတ်လုပ်သည့် ပထမဆုံး စက်ရုံကို ရန်ကုန်မြို့၌ တည်ဆောက်ရန် ဂျပန် JFE Engieering ကော်ပိုရေးရှင်းက စက်ရုံဒီဇိုင်း မှသည် စက်ရုံ တည်ဆောက်ရေး ထိ အလုံးစုံကို တာဝန်ယူ တည်ဆောက်မည် ဖြစ်ပြီး အကြမ်းအားဖြင့် ယန်း ၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၅ သန်း) သဘောတူ စာချုပ် ထားပြီး ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဂျပန်နိုင်ငံ တွင်လည်း စွန့်ပစ် အမှိုက်မှ စွမ်းအင်ထုတ် စက်ရုံကို အသုံးပြု လျက်ရှိပြီး စွန့်ပစ်အမှိုက်မှ စွမ်းအင် ထုတ်လုပ်သည့် စက်ရုံကို ၂ဝ၁၇ ခုနှစ် နွေဦးတွင် အပြီးသတ် တည်ဆောက်မည် ဟု လျာထားသည်။ JFE ကုမ္ပဏီသည် မြန်မာ နိုင်ငံက ယခုစက်ရုံ စီမံကိန်း ခြေလှမ်း ကို အားယူကာ အရှေ့တောင် အာရှဒေသ တွင်း ၂ဝ၁၇ ခုနှစ် တွင် ယန်း ဘီလီယံ ၃ဝ ရရှိရန် ရည်မှန်းချက် ထားသည်။

အဆိုပါ စက်ရုံသည် အမှိုက် များကို လောင်ကျွမ်းစေပြီး ရေနွေး ငွေ့ အားကို ထုတ်ယူကာ တာဘိုင် များကို လည်ပတ်၍ စွမ်းအင် ထုတ်လုပ်သည့် စက်ရုံဖြစ်သည်။ လူပေါင်း နှစ်သိန်းခန့် စွန့်ပစ် ရာမှ ထွက်ရှိသည့် အမှိုက်ပမာဏ ဖြစ်သည့် စွန့်ပစ်အမှိုက် တန်ချိန် ၆ဝ ခန့်ကို စက်ရုံက တစ်နေ့အတွင်း လောင်ကျွမ်း စေနိုင်ကာ လျှပ်စစ် ဓာတ်အား ၇ဝဝ ကီလိုဝပ် ထုတ်လုပ်နိုင်မည် ဟု မျှော်မှန်း ထားကြောင်း သိရသည်။

အိအိအောင်

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger