www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 24, 2015

ခေါင်းဖြတ်ကွပ်မျက်မှု များကို ဆက်လက် လုပ်ဆောင်မည်ဟု ISIS အဖွဲ့မှ ဂျီဟက်ဒီဂျွန် ပြောကြား


Jihadi John' threatens to return to Britain to 'carry on cutting off heads' 

လန်ဒန် ၊ ၂၄-၈-၂ဝ၁၅

ခေါင်းဖြတ် ကွပ်မျက်မှု များတွင် နာမည် ကျော်ကြားနေသော ISIS စစ်သွေးကြွ အဖွဲ့မှ ဂျီဟက်ဒီဂျွန် သည် ဗြိတိန်နိုင်ငံသို့ ပြန်လာပြီး ခေါင်းဖြတ် ကွပ်မျက်မှု များကို ဆက်လက် လုပ်ဆောင် သွားမည် ဟု မကြာသေးမီ က ထုတ်ပြန်ထားသော ဗီဒီယိုဖိုင် တစ်ခုတွင် ပြောကြား ထားသည်။

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒီးယားအက်ဇာ ပြည်နယ်ရှိ ဆီးရီးယား လွတ်မြောက်ရေး တပ်ဦး (FSA) မှ တိုက်ခိုက်ရေး သမားများ ရရှိထားသော အဆိုပါ ဗီဒီယိုဖိုင်တွင် ဂျီဟက်ဒီဂျွန် ဟု ယူဆရသော အမျိုးသား တစ်ဦးကို မြင်တွေ့ ရကြောင်း Mail Online ဝက်ဘ်ဆိုက် က သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန် ထားသည်။

ခုနစ်စက္ကန့် ကြာမြင့်သော အဆိုပါ ဗီဒီယိုဖိုင် ကို ဗြိတိန် သတင်းဌာန တစ်ခုက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော်လည်း Mail Online ဝက်ဘ်ဆိုက်၏ အတည်ပြု ထုတ်ပြန်ချက် အရ ဗီဒီယိုဖိုင် တစ်ခုလုံးသည် တစ်မိနစ် ကြာမြင့်ကြောင်း သိရသည်။

မိမိ၏ အမည်မှာ မိုဟာမက် အမ်ဝါဇီ ( Mohammed Emwazi ) ဖြစ်ပြီး မကြာမီ ဗြိတိန်နိုင်ငံသို့ ပြန်လာ၍ ခေါင်းဖြတ် ကွပ်မျက်ခြင်း များကို လုပ်ဆောင် သွားမည်ဟု ဂျီဟက်ဒီဂျွန် ၏ ပြောကြားချက်ကို ကိုးကား၍ (FSA) မှအဖွဲ့ဝင် တစ်ဦးက ပြောကြားထားသည်။ အသက်၂၇ နှစ် အရွယ်ရှိ မိုဟာမက် အမ်ဝါဇီ သည် လန်ဒန်မြို့သား တစ်ဦး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၉)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger