www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 24, 2015

Iron Cross တေးဂီတအဖွဲ့ စက်တင်ဘာလတွင် ရေဘေးသင့် ပြည်သူများအတွက် ရန်ပုံငွေရှာဖွေပွဲ ထပ်မံ ကျင်းပမည်



ရန်ကုန် ၊ ၂၄-၈-၂၀၁၅

Iron Cross တေးဂီတအဖွဲ့ ဖျော်ဖြေမှုကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ၌ စက်တင်ဘာ ၆ ရက် ည ၇ နာရီမှစ၍ သီဆို ဖျော်ဖြေပွဲကို ထပ်မံ ကျင်းပကာ ရေဘေးသင့် ပြည်သူများ အတွက် ရန်ပုံငွေ ရှာဖွေပေး သွားမည် ဖြစ်ကြောင်း သိရသည်။  ပရိသတ် များစွာ၏ အားပေးမှုကို ရရှိထားသော IC အဖွဲ့သည် ပထမအကြိမ် ဖျော်ဖြေမှုမှ ရရှိသော ငွေများကို ရေဘေးသင့် ပြည်သူများ ထံသို့ လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း မှ ဦးစီး၍ ရေဘေးသင့် ပြည်သူများ အတွက် Iron Cross တေးဂီတအဖွဲ့မှ ပထမဆုံး အကြိမ် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ Iron Cross အဖွဲ့မှ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းပွဲ တွင် ရေဘေးသင့် ပြည်သူများ အတွက် ငွေကျပ် သိန်းပေါင်း တစ်သောင်း ကိုးထောင် ငါးရာကျော် ကို ရှာဖွေပေးနိုင် ခဲ့ကြောင်း သိရသည်။ ဖျော်ဖြေပွဲမှ ရရှိလာသော အကျိုးအမြတ်များ အားလုံး ကိုလည်း ရေဘေးသင့် ပြည်သူများထံသို့ လှူဒါန်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

IC အဖွဲ့၏ ရေဘေးသင့် ပြည်သူများ အတွက် ဒုတိယအကြိမ် ရန်ပုံငွေ ထပ်မံရှာဖွေ ပေးသောပွဲကို Bagan Entertainment မှ စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း ဖျော်ဖြေပွဲတွင် Iron Cross အဖွဲ့၏ ပင်တိုင် အဆိုတော်များ ဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ဝိုင်ဝိုင်းတို့က ဖျော်ဖြေ ပေးမည်ဖြစ်ကာ လက်မှတ်များကို အများ ပြည်သူများ ကြည့်ရှုနိုင်ရန် ကျပ် ၅ဝဝဝ သတ်မှတ်၍ ရောင်းချ ပေးနေကြောင်း သိရသည်။

သီရိ

မြဝတီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger