www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 19, 2015

လူ ၄၉ ဦးအသက်ရှူကျပ် သေဆုံးခဲ့သည့် တရားမ၀င် ရွှေ့ပြောင်းမှုအတွင်း ပါဝင်သူ ၈ ဦးကို အီတလီဖမ်းဆီး


Eight held in Italy after 49 migrants suffocate on packed boat


ရောမ ၊ ၁၉-၈-၂၀၁၅

မြေထဲပင်လယ် ကိုဖြတ်၍ အီတလီနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်း လှေစီးသူ ၄၉ ဦး အသက်ရှူကျပ် သေဆုံးမှုနှင့် ဆက်စပ်နေသူ ရှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အီတလီ အာဏာပိုင် များက ယမန်နေ့တွင် ပြောကြား ခဲ့သည်။

အဆိုပါ သေဆုံးသူ များသည် လူပေါင်း ၃၁၂ ဦးကို ပြည့်ကျပ်စွာ တင်ဆောင်လာသည့် ငါးဖမ်းစက်လှေ တစ်စီးပေါ်တွင် လိုက်ပါလာ ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့မှာ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ကို ခေါ်ဆောင် လာသည့် လူကုန်ကူး သူများသည် အသက်ရှူကျပ် ခြင်းကြောင့် စက်လှေ အထက်သို့ တက်၍ အသက်ရှူရန် ကြိုးပမ်းခဲ့သူ များ၏ ဦးခေါင်းကို ခြေထောက်ဖြင့် ကန်ကျောက် ခဲ့ကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက် အရ သိရသည်။

ငါးဖမ်း စက်လှေပေါ်တွင် လိုက်ပါလာခဲ့ သူများသည် မြောက်အာဖရိကမှ ဥရောပသို့ တရားမဝင် ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သူ များဖြစ်ပြီး လူကုန်ကူး သူများသည် လစ်ဗျားနိုင်ငံ အတွင်း ဖြစ်ပွားလျက် ရှိသည့် လက်နက်ကိုင် ပဋိပက္ခများ အပေါ် အခွင့်ကောင်း ယူ၍ နိုင်ငံအတွင်းမှ ထွက်ခွာ၍ ဥရောပနိုင်ငံ များသို့ သွားရောက် လိုသူများကို ဒေါ်လာ ထောင်ပေါင်း များစွာကို အခကြေးငွေ အဖြစ် ရယူပြီး ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပို့ဆောင်ရာတွင် စက်လှေပေါ်၌ ဆံ့နိုင်သည့် ဝန်အား ပမာဏထက် လူပေါင်း များစွာကို တင်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အီတလီ အစိုးရသည် တရားမဝင် လူကုန်ကူး သူများကို လူသတ်မှု၊ တရားမဝင် လူကုန်ကူးမှု များဖြင့် ဖမ်းဆီး တရားစွဲဆို ထားကြောင်း ယင်းနိုင်ငံ အာဏာပိုင်များ၏ ထုတ်ပြန်ချက် အရ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger