www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 19, 2015

စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း ပြင်ပ အရောင်းဆိုင်များကြောင့် ဈေးနှုန်းလျှော့ ရောင်းချပေးနိုင်ခြင်း မရှိ



မန္တလေး ၊ ၁၉-၈-၂၀၁၅

ယခုနှစ် ဇွန်လ ပထမပတ်မှ စ၍ မြန်မာ့ရေနံ ထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် များသို့ လိုသလောက် ရောင်းချပေး လျက်ရှိပြီး ဓာတ်ဆီ တစ်ဂါလန်လျှင် ငွေကျပ် ၂၈ဝဝ နှုန်းဖြင့် လည်းကောင်း၊ အောက်တိန်း ၉၂ တစ်ဂါလန်လျှင် ငွေကျပ် ၂၉ဝဝ နှုန်းဖြင့် လည်းကောင်း လျှော့ချ သတ်မှတ်၍ ရောင်းချ ပေးခြင်းကြောင့် ဈေးနှုန်းများ ကျဆင်းခဲ့ သော်လည်း ပြင်ပ အရောင်းဆိုင် များကြောင့် ဈေးလျော့ရောင်းချ ပေးနိုင်ခြင်း မရှိကြောင်း သိရသည်။

ယခုအခါ မန္တလေးမြို့ နေရာ အနှံ့အပြားတွင် တရားမဝင် ရောင်းချနေသည့် စက်သုံးဆီ ဆိုင်များမှ အရည်အသွေး နှင့် အခြင်အတွယ် မပြည့်မီသည့် အပြင် အခွန် ပေးဆောင် ရခြင်းလည်း မရှိသည့် အတွက် လက်လီ ဈေးနှုန်းကို လျှော့ချပြီး ရောင်းချ ပေးနေကြောင်း ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''သြဂုတ်လ ပထမပတ်က စပြီး စက်သုံးဆီ ဈေးနှုန်းတွေ သိသိသာသာ ကျဆင်း လာတယ်။ မိုးတွင်း ကာလမှာ ကုန်စည် စီးဆင်းမှုတွေ ကလဲ နည်းလာပြီး ကျောက်တွင်း၊ ရွှေတွင်း လုပ်ငန်းတွေလဲ ရပ်နားထားတော့ သုံးစွဲမှုတွေ လျော့နည်း လာတယ်။ ဒါကြောင့် ဈေးကျသွားတာ လဲပါတယ်။ ကျွန်တော်တို့ တရားဝင် ဖွင့်ထားတဲ့ ဆိုင်တွေက လက်လီဈေးကို လျှော့ပြီး ရောင်းချ ချင်ပေမယ့် အရည်အသွေး အခြင်အတွယ် ကို အစစ်ဆေးခံ ရတဲ့အပြင် တရားဝင် အခွန်လဲ ဆောင်ရတော့ ဈေးလျှော့လို့ မရဘူး ဖြစ်နေတယ်။ ဒါကြောင့် ဒီလို တရားမဝင် ဆိုင်တွေကို ရှင်းလင်းဖယ်ရှား အရေးယူ ပေးမှ ကျွန်တော်တို့လို ဆိုင်တွေ ရောင်းအား တက်လာပြီး သုံးစွဲသူတွေလဲ သက်သာ လာမယ့်အပြင် နိုင်ငံတော် အတွက်လဲ အခွန်ငွေ တိုးတက်ရရှိ လာမှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောပြသည်။

လက်ရှိ မန္တလေးမြို့တွင် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ မှ ရောင်းချနေသည့် ဈေးနှုန်းများမှာ ဒီဇယ် တစ်ဂါလန်လျှင် ငွေကျပ် ၂၅၂ဝ နှုန်း၊ ဓာတ်ဆီ တစ်ဂါလန်လျှင် ငွေကျပ် ၂၉ဝဝ နှုန်း ၊ အောက်တိန်း ၉၂ တစ်ဂါလန် လျှင် ငွေကျပ်၂၉၄ဝ နှုန်းဖြင့် ရောင်းချ ပေးလျက်ရှိပြီး မန္တလေးမြို့တွင် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ပေါင်း ၄ဝ ကျော်ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger