www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 15, 2015

RCSS/SSA အဖွဲ့မှ အဖွဲ့ဝင်အချို့ သတ္တုစမ်းသပ် တူးဖော်နေသော ကုမ္ပဏီပိုင် ယာဉ်များနှင့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး


RCSS/SSA အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သော လုပ်ငန်းသုံး ယာဉ်များကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၅-၃-၂၀၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းဒေသ အတွင်း စက်ဝိုင်းအင်အား ကုမ္ပဏီမှ ခဲသတ္တု တူးဖော်ခြင်း လုပ်ငန်း စမ်းသပ် လုပ်ကိုင်လျက် ရှိရာ မတ် ၁၂ ရက် ညပိုင်းတွင် RCSS/SSA အဖွဲ့မှ အင်အား ၁ဝ ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာခဲ့ပြီး ကုမ္ပဏီ လုပ်သား ခုနစ်ဦးအား ဖမ်းဆီးကာ ကုမ္ပဏီပိုင်ရှင်နှင့် တွေ့လိုကြောင်း ပြောကြားခဲ့ရာ လုပ်သားများမှ ကုမ္ပဏီပိုင်ရှင် မိုင်းယောင်းသို့ သွားနေကြောင်း ပြန်လည် ပြောကြားသဖြင့် RCSS/SSA အဖွဲ့က လုပ်ငန်းခွင် အတွင်းရှိ လုပ်ငန်းသုံး ဆီဂါလန်ပုံး များအား ခြေဖြင့် ကန်ကျောက်ပြီး

၎င်းလုပ်သား ခုနစ်ဦးတို့အား ကြိုးဖြင့် ချည်နှောင်၍ တစ်ယောက် တစ်နေရာစီ ခွဲကာ ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။

ဖမ်းဆီးခံ လုပ်သားများမှ ကြိုးများဖြေ၍ ထွက်ပြေးကာ မိုင်းယောင်း တပ်နယ် နယ်မြေခံ တပ်ရင်းသို့ လာရောက် သတင်းပေးပို့ သဖြင့် နယ်မြေခံတပ်မှ အဆိုပါ နေရာသို့ လိုက်လံ ရှင်းလင်းခဲ့ရာ ၄င်းနေရာနှင့် အနီးတစ်ဝိုက်တွင် ကုမ္ပဏီပိုင် လုပ်ဒါယာဉ် တစ်စီး၊ ဘတ်ဟိုးယာဉ် တစ်စီး၊ မြေသယ်ယာဉ် တစ်စီး၊ ၁ဝ ဘီးယာဉ် တစ်စီး၊ တိုရိုတာ ဟိုင်းလပ်ယာဉ် တစ်စီး နှင့် လူနေတဲ နှစ်လုံးတို့အား မီးရှို့ဖျက်ဆီး ထားခဲ့ကြောင်း တွေ့ရှိရပြီး ဆုတ်ခွာ သွားသော RCSS/SSA အဖွဲ့နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံပိတ်ဆို့ ရှင်းလင်းလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger