www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 15, 2015

လောက်ကိုင်ဒေသအတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်



နေပြည်တော် ၊ ၁၅-၃-၂ဝ၁၅

လောက်ကိုင်ဒေသ အတွင်း နယ်မြေ တည်ငြိမ် အေးချမ်းရေး အတွက် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် လောက်ကိုင်မြို့ အနောက်တောင် ဘက်တစ်ဝိုက်၌ ကိုးကန့် သောင်းကျန်းသူ အင်အားစု အချို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အနောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးရာ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက် ရှိသည်။

အထက်ပါ တိုက်ပွဲတွင် ကိုးကန့် သောင်းကျန်းသူ များထံမှ MNDAA ယူနီဖောင်းဝတ် အလောင်း နှစ်လောင်း၊ ပစ္စတို နှစ်လက်နှင့် ခဲယမ်းဆက်စပ် ပစ္စည်းများ သိမ်းဆည်း ရမိသည်။

ထို့အပြင် ကိုးကန့် သောင်းကျန်းသူများ ခိုအောင်းနေထိုင် နိုင်သည့် နေရာများအား တပ်မတော် စစ်ကြောင်းများနှင့် လောက်ကိုင် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သတင်းဖော်ထုတ် ရှင်းလင်း ဆောင်ရွက်လျက် ရှိရာ မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် လောက်ကိုင်မြို့၊ ရွှေစင်မြို့သစ်ရှိ အဆောက်အအုံ အတွင်းမှ MNDAA လက်မောင်း တံဆိပ်ပါ စစ်စိမ်းရောင် ယူနီဖောင်း တစ်စုံ၊ စစ်စိမ်းရောင် အနွေးထည် အရှည်တစ်ထည်၊ စစ်စိမ်းရောင် ယူနီဖောင်း (လက်မောင်း တံဆိပ်မပါ) လေးစုံ၊ ကြယ်သုံးပွင့် အဆင့်တံဆိပ် ပါ ယူနီဖောင်း အင်္ကျီ တစ်ထည် တို့အား သိမ်းဆည်းရမိ ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger