www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 15, 2015

မြန်မာ့တပ်မတော်(ရေ) မှ စစ်ရေယာဉ် မဟာသီဟသူရ မလေးရှားနိုင်ငံသို့ ထွက်ခွာ


ဧရာဝတီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် နှင့် တပ်မတော်(ရေ) မှ အရာရှိ စစ်သည် မိသားစုများ မလေးရှားနိုင်ငံ သို့ ထွက်ခွာသွားသော မြန်မာ့ တပ်မတော်(ရေ) မှ စစ်ရေယာဉ် မဟာသီဟသူ ကို ပို့ဆောင် နှုတ်ဆက်စဉ်


နေပြည်တော် ၊ ၁၅-၃-၂၀၁၅

မြန်မာ့ တပ်မတော်(ရေ) မှ စစ်ရေယာဉ် မဟာသီဟသူရ သည် မလေးရှားနိုင်ငံ ရေတပ်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ လန်ကာဝီကျွန်း တွင် ကျင်းပ ပြုလုပ်မည့် Langkawi International Maritime and Aerospace Exhibition 2015(LIMA-2015) ပြပွဲသို့ တက်ရောက်ရန် အတွက် ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် အမှတ်(၃) ရေတပ် ဆိပ်ခံတံတား (သီလဝါ)မှ ထွက်ခွာရာ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် နှင့် တပ်မတော်(ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင် နှုတ်ဆက် ခဲ့ကြကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger