www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 16, 2015

ဟိုတယ်ဇုန်တွင် မြေကွက် ဝယ်ယူထားပြီး ငွေပေးသွင်းရန် ကျန်သူများ မတ် ၆ ရက် နောက်ဆုံးထား ပေးသွင်းရမည်


ညောင်ရွှေ ၊ ၁၆-၂-၂ဝ၁၅

အင်းလေး ဟိုတယ်ဇုန် ၌ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် မြေကွက် ဝယ်ယူထားပြီး ငွေပေးသွင်းရန် ကျန်ရှိနေသော လုပ်ငန်းရှင် များသည် မတ် ၆ ရက် နောက်ဆုံး ထား၍ ငွေအကျေ ပေးသွင်း ရမည် ဖြစ်ကြောင်း အင်းလေး ဟိုတယ်ဇုန် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ ထုတ်ပြန်ချက် အရ သိရသည်။

အင်းလေး ဟိုတယ်ဇုန် ၌ မြေကွက် ဝယ်ယူခွင့် ရှိသူများ အနက် ဟိုတယ် မြေကွက် တန်ဖိုးကို လုံးဝ ပေးသွင်းခြင်း မရှိသော မြေကွက် နေရာ လေးနေရာအား ဝယ်ယူခွင့် ပယ်ဖျက်၍ ပြန်လည် သိမ်းဆည်းခဲ့ပြီး မြေကွက် ဝယ်ယူခွင့် ရရှိ၍ ငွေအကျေ ပေးသွင်းရန် ကျန်ရှိ နေသော လုပ်ငန်းရှင် များအား ယမန်နှစ်က သုံးကြိမ် အသိပေး အကြောင်းကြား ခဲ့သည်။ ယခုနှစ် မတ် ၆ ရက်တွင် နောက်ဆုံးထား ၍ ငွေအကျေ ပေးသွင်းခြင်း မရှိပါက မတ် ၇ ရက်တွင် ယင်း မြေကွက်များ ဝယ်ယူခွင့်ကို ပယ်ဖျက် သိမ်းဆည်း သွားမည် ဖြစ်ပြီး မြေကွက်များကို ပြည်တွင်း ဒေသ လုပ်ငန်းရှင် ၉၆ ဦးတို့က ဝယ်ယူ ထားကြောင်း သိရသည်။

ဟိုတယ်ဇုန် မြေကွက်များ၌ ငွေ အကျေ ပေးသွင်း ထားသော လုပ်ငန်း ရှင်များအား တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာ အခွန်အခများ ပေးသွင်းပြီး မြေစာရင်း ပုံစံ ၁ဝ၅ ရေးဆွဲရန် နှင့် စက်မှု မြေငှားဂရန် ထုတ်ပေး နိုင်ရန်တို့ကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အခြေခံ လမ်း၊ တံတား၊ လျှပ်စစ်မီး ရရှိရေး လုပ်ငန်းများကို ဟိုတယ်ဇုန် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ ရာနှုန်းပြည့် ဆောင်ရွက် ခဲ့ပြီး စက်လှေဆိပ် တည်ဆောက်ရေး နှင့် ဆက်သွယ်ရေး ကွန်ရက် လုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger