www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 16, 2015

ရန်ကုန်ဆိပ်ကမ်းတွင် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်နိုင်ရန် ဆိပ်ခံတံတား ခုနစ်စင်း ထပ်မံ တည်ဆောက်မည်


ရန်ကုန် ၊ ၁၆-၂-၂၀၁၅

နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောကြီးများ အဆင်ပြေ လွယ်ကူစွာ ဝင်ထွက် ဆိုက်ကပ် ရပ်နားရန် အတွက် ရန်ကုန် ဆိပ်ကမ်းတွင် လက်ရှိ ဆိပ်ခံတံတား ၁၈ စင်း တည်ဆောက် ထားသည်။ ဆက်လက်၍ ဆိပ်ခံတံတား ခုနစ်စင်း တည်ဆောက်လျက် ရှိပြီး ထပ်မံ၍ ဆိပ်ခံတံတား ခုနစ်စင်း ကိုလည်း တည်ဆောက် သွားမည်ဖြစ်ရာ နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောကြီး ၃၂ စင်း တစ်ပြိုင်တည်း ဆိုက်ကပ်ရပ်နား နိုင်တော့မည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ၏ သတင်းများအရ ၂ဝဝ၃- ၂ဝဝ၄ ဘဏ္ဍာနှစ် တွင် ပို့ကုန်၊ သွင်းကုန် ပမာဏတန်ချိန် ကိုးသန်းသာ ရှိခဲ့သော်လည်း ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ပို့ကုန်၊ သွင်းကုန် ပမာဏ တန်ချိန် ၂၄ သန်းကျော် အထိ တိုးတက်များပြား လာခဲ့သည်။ 

ထို့အတူ ကုန်သေတ္တာ ကိုင်တွယ်မှု ပမာဏ မှာလည်း ၂ဝဝ၃-၂ ဝဝ၄ ဘဏ္ဍာနှစ် တွင် TEU ( Twenty Equivalent Unit ) သုည ဒသမ ၇ သိန်း ကျော်သာ ရှိခဲ့သော်လည်း ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ကုန်သေတ္တာ ကိုင်တွယ်မှု ပမာဏမှာ TEU ( Twenty Equivalent Unit ) ၆ ဒသမ ၁ သိန်းကျော် အထိ တိုးတက် လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပို့ကုန်၊ သွင်းကုန် ပမာဏနှင့် ကုန်သေတ္တာ ကိုင်တွယ်မှု တိုးတက်များပြား နေခြင်းမှာ ရန်ကုန် ဆိပ်ကမ်းတွင် နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောကြီးများ အဆင်ပြေ လွယ်ကူစွာ ဝင်ထွက် ဆိုက်ကပ် နိုင်သောကြောင့် ဖြစ်သည်။

ထပ်မံ တည်ဆောက်မည့် တံတားများ တည်ဆောက် ပြီးစီးသွားပါက ရန်ကုန် ဆိပ်ကမ်းတွင် ဆိပ်ခံတံတား ၃၂ စင်းအထိ ရှိလာမည် ဖြစ်၍ ပင်လယ် ရေကြောင်း ခရီးဖြင့် ကုန်သွယ်မှု လုပ်ငန်းများ ပိုမိုတိုးတက် အဆင်ပြေ လာမည် ဖြစ်သည်။

ထို့အပြင် ပင်လယ်ကူး သင်္ဘောကြီးများ အဆင်ပြေ လွယ်ကူစွာ ဝင်ထွက် ဆိုက်ကပ် နိုင်ရေးအတွက် စက်သုံးဆီ တံတား၊ ကောက်ပဲသီးနှံ တံတား၊ အထွေထွေ ကုန်နှင့် ကုန်သေတ္တာ တင်ချ ဆိပ်ခံတံတား များကိုလည်း တိုးချဲ့ တည်ဆောက် နေကြောင် သိရသည်။ 

ဇာညီသစ္စာ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger