www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 16, 2015

ခရီးသည်တင်ယာဉ်လိုင်း များနှင့် မြို့ပတ်ရထား ခရီးစဉ်များ ချိတ်ဆက်သယ်ယူပို့ဆောင်မှုစနစ် အကောင်အထည် ဖော်မည်



ရန်ကုန် ၊ ၁၆-၂-၂ဝ၁၅

ရန်ကုန် မြို့ပတ်ရထား လမ်းကြောင်း တစ်လျှောက်၌ ဘူတာများကို ယာဉ်ရပ် မှတ်တိုင်အဖြစ် ထည့်သွင်း ရေးဆွဲမည့် ခရီးသည်တင် ယာဉ်လိုင်းများ နှင့် မြို့ပတ်ရထား ခရီးစဉ်များ ချိတ်ဆက်သည့် သယ်ယူ ပို့ဆောင်မှု စနစ်တစ်ရပ်ကို အကောင် အထည်ဖော် သွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီမှ သိရသည်။

အဆိုပါ စနစ်သည် ဘူတာ အနီး၌ ဘတ်စ်ကား မှတ်တိုင်များ ထားရှိပြီး ခရီးသည်များအနေဖြင့် မော်တော်ယာဉ် စီးနင်းပြီး ပါက ရထားကို အလွယ်တကူ ပြောင်းလဲ စီးနင်းနိုင်မည် ဖြစ်သည်။ ယင်းစနစ်ကို ရန်ကုန် ဘူတာကြီး ၌ စမ်းသပ် ဆောင်ရွက် သွားမည် ဖြစ်ပြီး အောင်မြင်မှု ရရှိပါက တိုးချဲ့ သွားမည် ဖြစ်သည်။ 

ကားနှင့်ရထား ချိတ်ဆက် ပြေးဆွဲမည့် စနစ်အတွက် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)ထံမှ နည်းပညာ အကူအညီ ရယူ၍ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

''မြို့ပတ်ရထားနဲ့ သွားလာ ရတာက လိုရာ ခရီးရဲ့ အနီးဆုံး နေရာကို မရောက်နိုင်တဲ့ အတွက် အဓိက ဘူတာတွေကို ယာဉ်ရပ် မှတ်တိုင်အဖြစ် သတ်မှတ်ပြီးတော့ ခရီးသည် တင်ယာဉ် ပြေးဆွဲပေးမယ့် ပုံစံမျိုး စမ်းသပ်ကျင့်သုံး ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ရထားနဲ့ ကားကို ချိတ်ဆက်ပြီး သွားလာနိုင်မှာ ဖြစ်ပါတယ်'' ဟု မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger