www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 13, 2015

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဟိုတယ်ဇုန်အဖြစ် သီးသန့်သတ်မှတ် ထားသော်လည်း ဆောက်လုပ်မှု နည်းပါး



ညောင်ဦး ၊ ၁၃-၂-၂၀၁၅

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဟိုတယ်ဇုန် သီးသန့် သတ်မှတ် ထားသော်လည်း ဇုန်နယ်မြေအတွင်း ဆောက်လုပ်မှု နည်းပါး နေသေးကြောင်း ဒေသခံများက ပြောပြသည်။

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဇုန် နယ်မြေအတွင်း ဟိုတယ် တည်ဆောက်မှု များပြား နေသော်လည်း ထိုကဲ့သို့ သတ်မှတ်ဇုန် အတွင်း တည်ဆောက်မှု နည်းပါးသဖြင့် ဟိုတယ် ဆောက်လုပ် ခွင့်ကို တားမြစ်ပိတ်ပင် ထားရကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

ထိုကဲ့သို့ တားမြစ် ရခြင်းမှာလည်း ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းရှိ ရှေးဟောင်း သာသနိက အဆောက်အအုံများ အနီးတွင် ဟိုတယ်များ တည်ဆောက်မှု များပြားနေသည့် အတွက် တားမြစ် ရခြင်း ဖြစ်ကြောင်း သိရသည်။

''ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းမှာ ဟိုတယ် ဆောက်လုပ်မှု တွေကို လေ့လာ ကြည့်လိုက်ရင် ဒေသခံတွေ နည်းပါးပြီး ပြင်ပ လုပ်ငန်းရှင်တွေ ဝယ်ယူ ဆောက်လုပ်မှုက များပြား နေတယ်။ လက်ရှိ မှာလဲ ဟိုတယ်ဇုန် မဟုတ်တဲ့ နေရာဖြစ်တဲ့ ဘုရားကြို ဘုရားကြားမှာ ဟိုတယ် ၁၅ လုံးလောက် ဆောက်လုပ် ထားတာ ရှိနေတဲ့ အတွက် ရှေးဟောင်း သုတေသနက တားမြစ် ထားပါတယ်'' ဟု ဒေသခံ တစ်ဦးက ပြောပြသည်။

ပုဂံကို ပျူသုံးမြို့ ကဲ့သို့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် စေရန် ကြိုးပမ်းနေသည့် ကာလတွင် ယူနက်စကို အဖွဲ့ကလည်း ဟိုတယ်များ တည်ဆောက် နေမှုကို ခြောက်လခန့် ရပ်နားရန် တားမြစ် ထားကြောင်း သိရသည်။အလိုတော်ပြည့် ဘုရား နှင့် ရွှေစည်းခုံဘုရား အပါအဝင် ရှေးဟောင်းဘုရား အဆူပေါင်း ၁၉၁ ဆူရှိသည့် အမှတ်(၇) ရပ်ကွက် တွင်လည်း တားမြစ် ထားသည့် ဟိုတယ် လေးလုံးခန့် ရှိသည်ဟု သိရသည်။

ရှေးဟောင်း သာသနိက အဆောက်အအုံများ အနီး ဟိုတယ် ဆောက်လုပ်မှု များကို သတ်မှတ်ရာတွင် ယခင်က ဘုရားနှင့် ပေ ၉ဝ အကွာ အမြင့်ပေ ၃ဝ ထက် မပိုသည့် နှစ်ထပ် အဆောက်အအုံ ကိုသာ ဆောက်လုပ် ခွင့်ပြု ပေးထားသော် လည်း ယခုအခါတွင် ဘုရားနှင့် ပေ ၁၂ဝ အကွာ၊ အမြင့်ပေ ၄ဝ ရှိပြီး သုံးထပ်ထက် မပိုသည့် အဆောက်အအုံ ကို ဆောက်လုပ် ခွင့် ပြုထားကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger