www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 6, 2015

လှေတစ်စင်းမီးလောင်မှုအား တပ်မတော်(ရေ)မှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး



နေပြည်တော် ၊ ၆-၂-၂၀၁၅

တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်း မြို့နယ်၊ ဆလုံကျွန်း အရှေ့ မြောက်ဘက် ၂ မိုင်ခန့် အကွာတွင် ဖေဖော်ဝါရီ ၂ ရက် ည ၁ဝ နာရီခွဲခန့်က လှေတစ်စင်း မီးလောင် နေကြောင်း သတင်းအရ လုံခြုံရေး တာဝန် ထမ်းဆောင် နေသော တပ်မတော်(ရေ) မှ တပ်မတော် သားများက စစ်ရေယာဉ်ဖြင့် သွားရောက် ၍ မီးလောင် နေသော လှေအား မီးသတ်ပိုက် များ၊ ရေစုပ်ပန့်များနှင့် မီးသတ် ဆေးဘူးများ အသုံးပြု၍ မီးငြိမ်းသတ် ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသော လှေပေါ်ပါ အမျိုးသား၊ အမျိုးသမီး ၁၈ ဦးအား ကော့သောင်းမြို့ ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသ ပေးသည်။

အဆိုပါ မီးလောင် သွားသော လှေမှာ ကြယ်နီတောင် ကျေးရွာနေ ဦးဇော်မျိုး ပိုင်ဆိုင်သည့် ငါးသယ်လှေ ဖြစ်ပြီး ကော့သောင်းမြို့ မှ ပြန်လည် ထွက်ခွာလာစဉ် ဖေဖော်ဝါရီ ၂ ရက် ည ၉ နာရီ ၂၂ မိနစ်ခန့်က ဆလုံကျွန်း အနီး အရောက်၌ လှေပေါ်ပါ ဂက်စ်အိုးမှ ယိုစိမ့်၍ မီးလောင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger