www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 6, 2015

မူးယစ်ဆေးဝါး၊ လက်နက်/ခဲယမ်းများ နှင့် ဆက်စပ်ပစ္စည်း များအား ဖမ်းဆီးရမိ



နေပြည်တော် ၊ ၆-၂-၂ဝ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံမြို့ အဝင် စစ်ဆေးရေးဂိတ် တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ က ဖေဖော်ဝါရီ ၄ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် သတင်းအရ တာဆန်း ဘက်မှ မိုင်းတုံမြို့သို့ ယာဉ်မောင်း ကျကျော မောင်းနှင် လာသောယာဉ်အား ရပ်တန့် စစ်ဆေးရာယာဉ် အလယ်ခန်း ထိုင်ခုံအောက် ဝဲဘက် အံဝှက်အတွင်းရှိ အစိမ်းရောင် လွယ်အိတ် အတွင်းမှ ပလတ်စတစ် အကြည်ဖြင့် ထုပ်လျက် ဘိန်းမည်း အစေးခဲများ ၁ ဒသမ ၅ ကီလိုဂရမ် ခန့်ပါ တစ်ထုပ်၊ ယာဉ်နောက်ခန်း စပါးများ ထည့်ထားသည့် ပီနံအိတ် အတွင်း ပလတ်စတစ် အကြည်စဖြင့် ထုပ်လျက် ဘိန်းမည်း အစေးခဲများ ၁ ဒသမ ၅ ကီလိုဂရမ်ပါ တစ်ထုပ်နှင့် ၂ ဒသမ ၅ ကီလိုဂရမ်ပါ တစ်ထုပ်၊ စုစုပေါင်း ၅ ဒသမ ၅ ကီလိုဂရမ် ခန့်၊ ကာလ တန်ဖိုးကျပ် ၅၅ သိန်းအား လည်းကောင်း၊ ယာဉ်ရှေ့ခန်း အတွင်းမှ အမ်- ၂၂ တစ်လက်၊ ၄င်းကျည်အိမ် တစ်ခုနှင့် ၄င်းကျည် နှစ်တောင့် တို့အား လည်းကောင်း သိမ်းဆည်း ရမိသည်။

အဆိုပါ ဖမ်းဆီးရမိ တရားခံ၊ မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်း နှင့် ဆက်စပ် ပစ္စည်းများအား မိုင်းတုံမြို့ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းပေး ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger