www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 6, 2015

နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် နယ်စပ်ဒေသ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး အပိုင်း များတွင် တရားဥပဒေနှင့်အညီ အစိုးရချင်း ညှိနှိုင်း ဆောင်ရွက်စေလို


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အထူးကိုယ်စားလှယ် Mr.Wang Yingfan အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အထူးကိုယ်စားလှယ် Mr.Wang Yingfan အား လက်ခံ တွေ့ဆုံစဉ်

နေပြည်တော် ၊ ၆-၂-၂၀၁၅

နိုင်ငံရေးနှင့် စီးပွားရေးမှာ ဆက်စပ်မှုရှိပြီး အပြန်အလှန် အကျိုး သက်ရောက်မှု ရှိပါကြောင်း၊ နိုင်ငံရေး တည်ငြိမ်မှု ရှိပါက စီးပွားရေး တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်သကဲ့သို့ စီးပွားရေး ကောင်းမွန်ပါ ကလည်း နိုင်ငံရေး တည်ငြိမ်မှုကို ဖြစ်စေ ပါကြောင်း၊ တပ်မတော် နှင့် ပတ်သက်သော စီးပွားရေး လုပ်ငန်းများ ကိုလည်း ဥပဒေနှင့် အညီသာ ဆုံးဖြတ် လုပ်ဆောင် စေပါကြောင်း ၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် နယ်စပ်ဒေသ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး အပိုင်းများတွင် တရားဥပဒေ နှင့်အညီ အစိုးရချင်း ညှိနှိုင်း ဆောင်ရွက် စေလို ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမ ဆောင်၌ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အထူး ကိုယ်စားလှယ် Mr. Wang Yingfan အား လက်ခံ တွေ့ဆုံရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အထူး ကိုယ်စားလှယ် Mr. Wang Yingfan နှင့် တာဝန်ရှိ သူများ တက်ရောက် ကြသည်။

Mr. Wang Yingfan က တရုတ်နိုင်ငံ ပြုပြင် ပြောင်းလဲရေး ကာလ နှစ် ၃၀ ကျော်တွင် ပြည်တွင်း ကုန်ထုတ်လုပ်မှု ပမာဏသည် လိုအပ်ချက်ထက် များစွာ ပိုနေပါကြောင်း၊ သို့ဖြစ်၍ အိမ်နီးချင်း နိုင်ငံများ၊ ပြည်ပနိုင်ငံ များတွင် ရင်းနှီးမြှုပ်နှံ မှုများ၊ ကုန်ထုတ် လုပ်ငန်းများ လုပ်ဆောင်ရန် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တည်ငြိမ် အေးချမ်းမှုသည် အရေးကြီး ပါကြောင်း၊ တပ်မတော် နှစ်ရပ် အကြား ဆက်ဆံရေး ကောင်းမွန်မှု သည် နှစ်နိုင်ငံ ဆက်ဆံရေး ၏ အခြေခံ အုတ်မြစ် တစ်ခု ဖြစ်ပါကြောင်း၊ တပ်မတော် အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေ ပါကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အကြံပြု ဆွေးနွေးချက် တို့အား တင်ပြ ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် အောင်မြင်စေလို ပါကြောင်း၊ ပြည်သူ လူထုအား တိုက်ရိုက် ထိခိုက်စေသော ကိစ္စရပ်များမှ လွဲ၍ ပူးပေါင်း ဆောင်ရွက်မှုများ အောင်မြင် စေလိုပါကြောင်း၊ နိုင်ငံရေး အတွေ့အကြုံ အားနည်းခြင်း၊ အသိပညာ အားနည်းခြင်း များသည် စီးပွားရေး တွင်လည်း အားနည်းစေ ပါကြောင်း၊ အချို့ နယ်စပ်ဒေသ ကိစ္စရပ်များတွင် တရုတ်နိုင်ငံ အနေဖြင့် မူဝါဒအရ ကန့်သတ် ထားသော်လည်း အောက်ခြေ အဆင့် လုပ်ပိုင်ခွင့်များ ရနေသည်ကို တွေ့ရပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ များကြောင့် ပြည်သူများ ကြားညှပ်ပြီး ဒုက္ခခံစား ရမှုများကိုလည်း မဖြစ်စေလို ပါကြောင်း၊ ယင်း ပြဿနာ များကြောင့် ရှေ့သုံးလှမ်း တက်သော်လည်း တစ်လှမ်းခန့်သာ တက်နိုင်ပြီး သွားချင် သလောက် ခရီး မရောက်မှုများ ရှိပါကြောင်း၊ နိုင်ငံ၏ ပထ၀ီဝင် အနေအထား အရ အရေးပါ မှုကြောင့် အားပြိုင်မှု များကို ရင်ဆိုင် နေရခြင်း မှာလည်း မိမိတို့ နိုင်ငံ၏ စိန်ခေါ်မှု တစ်ခု ဖြစ်ပါကြောင်း နှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး အကောင်းဆုံး ဖြစ်အောင် ကြိုးစား လုပ်ဆောင် သွားမည် ဖြစ်ပါကြောင်း ဖြင့် ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အထူး ကိုယ်စားလှယ် Mr.Wang Yingfan တို့သည် အဖွဲ့ဝင်များ နှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger