www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 10, 2015

တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်


ရန်ကုန် ၊ ၁ဝ-၂-၂ဝ၁၅

မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) တွင် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ ပြည်တွင်းေ ဈးကွက်၌ ဖြန့်ဖြူး ရောင်းချခြင်း တွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်တွင်းရှိ ဆေးဝါး တင်သွင်းသော ကုမ္ပဏီများ၊ ဆေးဝါးများ ရောင်းချသော ဆေးဆိုင်များ အနေဖြင့် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) တွင် တရားဝင် မှတ်ပုံမတင် ထားသော ဆေးဝါးများ၊ သတ်မှတ်စံနှုန်း များနှင့် ကိုက်ညီမှု မရှိသော ဆေးဝါးများ၊ ဆေးဝါးအတု များနှင့် သက်တမ်းကုန် ဆေးဝါးများ စသည်တို့ကို တင်သွင်းခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းများ မပြုလုပ်ကြရန် သက်ဆိုင်ရာမှ ညွှန်ကြား ထားပြီး လိုက်နာမှု မရှိပါက အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ (၁၈) အရ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။

ကျန်းမာရေး ဝန်ကြီးဌာန သည် ပြည်တွင်း၌ အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးဥပဒ် ကင်းရှင်းသော ဆေးဝါးများ ကိုသာ ပြည်သူများ သုံးစွဲနိုင်စေရန် စနစ်တကျ စိစစ် ကြပ်မတ်၍ ကွပ်ကဲ ဆောင်ရွက်လျက် ရှိသည်။ 

ရောဂါဝေဒနာ ခံစား နေရသူများ၊ လူနာရှင်များ အနေဖြင့် ပြည်တွင်း၌ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများကို ဝယ်ယူ သုံးစွဲခြင်း မပြုလုပ်ကြ ရန်နှင့် မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ ဆရာဝန်များ၏ ညွှန်ကြားချက် အတိုင်း ဝယ်ယူ သုံးစွဲကြရန် အသိပညာပေး နှိုးဆော် တိုက်တွန်း ထားကြောင်း သိရသည်။

ထို့အပြင် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ဝန်ဆောင်မှု ပေးနေသော ဆေးရုံ ဆေးခန်းများမှ ဆရာဝန်များ၊ သူနာပြုများ နှင့် ဆေးဝန်ထမ်း များသည် မိမိတို့ အသုံးပြုနေသော ဆေးဝါးများ နှင့် ပတ်သက်၍ သံသယ ဖြစ်ဖွယ် တစ်စုံတစ်ရာ တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ အကြောင်းကြားရန် ညွှန်ကြား ထားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger