www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 10, 2015

မန္တလေးမြို့ သတ္တဌာန ပြန်လည်တည်ဆောက်မှု များကို လာမည့် မတ်လအတွင်းအပြီး ဆောက်လုပ်သွားမည်



မန္တလေး ၊ ၁၀-၂-၂၀၁၅

ရတနာပုံ မြို့တည် နန်းတည် ဘဝရှင် မင်းတုန်းမင်း တရားကြီး၏ သတ္တဌာန သည် ဒုတိယ ကမ္ဘာစစ် အတွင်းက အချို့ အဆောက်အအုံ များ ပျက်စီးသွား ခဲ့ရာ ယခုအခါ မူလပျက်စီး ခဲ့သော အဆောက်အအုံ များအပြင် ထပ်ဆင့်တိုး အဆောက် အအုံ များပါ ပြန်လည် တည်ဆောက်လျက် ရှိရာ အဆောက်အအုံများ အားလုံးနီးပါး ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

" အင်ကြင်းကြာအုံ ရတနာပုံ " ဆိုသည့် လင်္ကာအရ မန္တလေးမြို့ကြီး ကို ၁၂၂၁ ခုနှစ်တွင် ဘဝရှင် မင်းတုန်းမင်း တရားကြီးက မြို့တည် နန်းတည် တည်စဉ်က သတ္တဌာန ဖြစ်သော ရွှေမြို့တော် ကျုံးတော်၊ မဟာသကျ မာရဇိန် ကျောက်တော်ကြီး ဘုရား၊ သိမ်တော်မဟာ အတုလဝေယံ ကျောင်းတော်၊ ပိဋကတ် တိုက်တော် နှင့် သုဓမ္မ ဇရပ်တော် တို့ကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တည်ထားခဲ့ရာ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက သတ္တဌာန အနက် အချို့ အဆောက်အအုံ တို့မှာ ပျက်စီးဆုံးပါး ခဲ့ရသည်။ ပျက်စီးသွားသော အဆောက်အအုံ များကို ခေတ် အဆက်ဆက် က အချို့ကို ပြန်လည် တည်ဆောက်ခဲ့ သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပြီးဆုံးခြင်း မရှိခဲ့ချေ။ 

ယခုအခါ အလှူရှင် များဖြစ်သော မန်းမြေရာဇာ မြေအကျိုးဆောင် လုပ်ငန်း မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာဦးကျော်ဝင်း - ဒေါ်မြင့်မြင့်သန်း မိသားစု၏ လှူဒါန်းမှုဖြင့် သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင် ဉာဏိဿရ ဦးဆောင်ကာ မြန်မာမှု ဗိသုကာ ပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က တာဝန်ယူ ဆောက်လုပ်လျက် ရှိသည်။

စစ်ကြီး အတွင်းက ပျက်စီး သွားခဲ့သော အဆောက်အအုံ များဖြစ်သော ပိဋကတ် တိုက်တော်၊ မဟာ ပဋ္ဌာန်းဟော သိမ်တော်၊ သုဓမ္မာ ဇရပ်တော် တို့ကို ပြန်လည် တည်ဆောက်လျက် ရှိပြီး သုဓမ္မာ ရဟန်းတော်များ စာတော်ပြန်ပွဲ တွင် (က) စာတော်ပြန်ရာ သုဓမ္မာ ရွှေဇရပ်တော်၊ (ခ) အနယ်နယ် အရပ်ရပ်မှ စာဖြေ ရဟန်းတော်များ တည်းခိုရန် သုဓမ္မာ ဇရပ်ငယ် ၃၃ ဆောင်၊ (ဂ) စာပြန်ပွဲ အကြီးအမှူး ဆရာတော်များ ခေတ္တ သီတင်းသုံးရာ သုဓမ္မာ ရွှေကျောင်းတော် တို့ဟူ၍ သုဓမ္မာ နှင့် ဆိုင်သော အဆောက်အအုံ များရှိခဲ့ရာ သုဓမ္မာ ရွှေဇရပ်တော် ပြန်လည် တည်ဆောက်ခြင်း နှင့်အတူ သုဓမ္မာေ  ရွှကျောင်းတော် ကိုလည်း ထပ်တိုး အဆောက်အအုံ အဖြစ်ြ ပန်လည် တည်ဆောက် နေသည့် သုဓမ္မာ ဇရပ်ငယ် ၃၃ ဆောင်မှာ တချို့တစ်ဝက် ကျန်ရှိ နေသေးပြီး စီမံကိန်း ပြီးစီးပါက ကျန် သုဓမ္မာဇရပ်ငယ် များကိုလည်း ၃၃ ဆောင် ပြည့်အောင် ပြန်လည် တည်ဆောက် မည်ဖြစ်သည်။

ထို့ပြင် ရတနာပုံ မြို့တည် နန်းတည် ဘဝရှင် မင်းတုန်းမင်း တရားကြီးနှင့် မြောက်နန်း မဟေသီ မိဖုရားကြီး တို့၏ ကိုးပေအမြင့်ရှိ ဖိုက်ဘာဂလတ် ရုပ်တုတို့ကို အမှတ်တရ ထုလုပ်နေပြီး ရုပ်တုများ ထားရန် အမိုးဘုံ သုံးဆင့်ပါ လည်ပေါ်နန်းဆောင် နှင့်တကွ ဆောက်လုပ်နေ ကြောင်း၊ အဆိုပါ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းများကို ၂ဝ၁၅ ခုနှစ် မတ်လလယ် တွင် အပြီး တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

အာကာပျံ

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger