www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 9, 2015

မြင့်မားထင်ရှားသော ရှေးဟောင်း အမွေအှစ်နေရာ ဒေသများ ကာဗွန်ဒိုင်အောက်ဆိုက် ညစ်ညမ်းမှု ဒေသများမဖြစ်ရေး ဂရုပြုရန်လို


မန္တလေး ၊ ၉-၂-၂၀၁၅

အာရှနိုင်ငံကြီး များတွင်လည်း ယဉ်ကျေးမှု ဆိုင်ရာ ရှေးဟောင်း အမွေအနှစ်များ ၊ ဒေသများ ၊ အဆောက်အအုံ များနှင့် ဒြပ်ရှိ ၊ ဒြပ်မဲ့ ယဉ်ကျေးမှု များကို ပိုင်ဆိုင်ထားကြရာ နိုင်ငံတကာမှ ခရီးသွား လာသူများ အနေဖြင့် အဆိုပါ နေရာများကို သွားရောက် လေ့လာကြ ရာမှ စွန့်ပစ် အမှိုက်များ၊ ယာဉ်များမှ တစ်ဆင့် ထွက်သော ကာဗွန် ဒိုင်အောက်ဆိုက် ညစ်ညမ်းမှုများ၊ ရေထု ညစ်ညမ်းမှုများ ပေါ်ပေါက် လာရ သကဲ့သို့ မြန်မာနိုင်ငံ၌ လည်း ထိုသို့ မဖြစ်စေရေး ဂရုပြုရန် လိုကြောင်း မန္တလေးမြို့ ၌ ကျင်းပခဲ့သော GEGG အစည်းအဝေး တွင် ဒေါက်တာ နေထွန်း က ရှင်းလင်း ပြောကြားသည်။

တရုတ်နိုင်ငံ တွင် လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝ ခန့်က ရှိခဲ့သော ဂူကြီးများ၊ ရေဆေး ပန်းချီကားများ၊ ကမ္ဘောဒီးယား နိုင်ငံရှိ လှပသော ကျောက်တုံးများ နှင့် ဖွဲ့စည်းထားသော ဗိသုကာ လက်ရာများ၊ ကျောက်တုံးပေါ်မှ အရေးအသားများ၊ အိန္ဒိယနိုင်ငံ ရှိ တာ့ခ်ျမဟာ၊ အင်ဒိုနီးရှား နိုင်ငံရှိ စကျင်ကျောက် များနှင့် ဖွဲ့စည်း ထားသော ရှေးဟောင်း အမွေအနှစ်များ စသည် တို့သည် နိုင်ငံတကာမှ ခရီးသွား ဧည့်သည် များကို ဆွဲဆောင်မှု ရှိသော နေရာများ ဖြစ်ပြီး နှစ်စဉ် ခရီးသွား သန်းနှင့်ချီ၍ အဝင်အထွက် များသော နေရာများ ဖြစ်ကြောင်း သိရသည်။

''အဲဒီ နေရာတွေမှာ ဧည့်သည်တွေက မုန့်တွေ စွန့်ပစ်၊ ကိုလာဘူးတွေ စွန့်ပစ်၊ အဲဒါတွေ ကနေ ညစ်ညမ်းမှုတွေ ဖြစ်လာတယ်။ ဒါကို ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ခရီးသွား နယ်မြေတွေက တာဝန်ရှိသူ တွေနဲ့ နေထိုင်သူတွေ သတိပြုရမှာ ဖြစ်ပါတယ်'' ဟု ဒေါက်တာ နေထွန်း ( GEGG Founder and Hon Patron ) က ပြောပြသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသော ပျူရှေးဟောင်း မြို့တော်များ ပုဂံခေတ်၊ ကြေးခေတ်၊ သံခေတ်မှာ ပေါ်ထွန်းခဲ့သော မြို့ဟောင်းများ ဟံသာဝတီ၊ ပင်းယ၊ အင်းဝ၊ အမရပူရ၊ ကုန်းဘောင် အစရှိသော ယဉ်ကျေးမှု အမွေအနှစ် မြောက်မြားစွာ ကျန်ရှိ နေသေးသဖြင့် ၄င်းနေရာ များသည် ခရီးသွားများ ဝင်ရောက်မှု များပြားသော နေရာများ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ ယဉ်ကျေးမှု နယ်မြေများတွင် ဖြစ်ပွားရသော ညစ်ညမ်းမှု များကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက် ရမည့် နည်းလမ်းများကို ရှာဖွေရမည် ဖြစ်ကြောင်း GEGG အစည်းအဝေး တွင် ရှေးဟောင်း သုတေသန ဌာန မှ ဦးဝင်းကြိုင် ၏ ဆွေးနွေး ပြောကြားချက် အရ သိရသည်။(၁၇၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger