www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 10, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ (12th ACDFIM) တက်ရောက်မည့် အဖွဲ့ဝင် နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် နှစ်နိုင်ငံ သီးခြားစီ တွေ့ဆုံ



တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Worapong Sanganetra တို့ တွေ့ဆုံဆွေးနွေးစဉ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မလေးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zulkifeli Bin Mohd Zin နှင့် တွေ့ဆုံဆွေးနွေးစဉ်

နေပြည်တော် ၊ ၁၀-၂-၂၀၁၅

မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့ ၌ ကျင်းပ ပြုလုပ်မည့် (၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM )သို့ တက်ရောက်မည့် အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် များအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၅ဝ မိနစ်တွင် Shangri-La Hotel ၊ Bilateral Meeting Room ၌ နှစ်နိုင်ငံ သီးခြားစီ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဘရူနိုင်းနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Major General Dato Paduka Seri Mohd Tawih Bin Abdullah ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lieutenant General John Sarmiento Bonafos AFP ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Worapong Sanganetra ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ စင်ကာပူနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lieutenant General Ng Chee Meng ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ ကမ္ဘောဒီးယား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Pol Saroeun ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Dr . Moeldoko ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ လာအိုပြည်သူ့ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် Brigadier General Khamlieng Outhakasone ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ မလေးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zukifeli Bin Mohd Zin ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း နိုင်ငံအလိုက် သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲများ အပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger