www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 10, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ (၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် များ အလွတ်သဘော အစည်းအဝေး ( 12th ACDFIM ) တက်ရောက်ရန် အတွက် မလေးရှားနိုင်ငံ သို့ထွက်ခွာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြစဉ်

နေပြည်တော် ၊ ၁၀-၂-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ၌ ကျင်းပပြုလုပ်မည့် (၁၂) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM ) သို့ တက်ရောက်ရန် အတွက် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာ ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Dato'Dr.Ahmad Faisal Bin Muhamad တို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြသည်။

(၁၁)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (11th ACDFIM ) ကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံ အဖြစ် ၂ဝ၁၄ ခုနှစ်၊ မတ် ၄ ရက်မှ ၆ ရက်ထိ နေပြည်တော်တွင် ကျင်းပပြုလုပ် ခဲ့ပြီး (12th ACDFIM ) ကို ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်ထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တွင် ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။

ထို့အတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင် ဖေဖော်ဝါရီ ၇ ရက်မှ ၉ ရက်အထိ ကျင်းပ ပြုလုပ်လျက် ရှိသည့် (12th AMIM) နှင့် (5th AMOIM) အစည်းအဝေး များသို့ တက်ရောက်ရန် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာသွား ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger