www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 10, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ မလေးရှား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ၊ အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ နှင့် ဇနီးများ အမှတ်တရ ဓာတ်ပုံရိုက်စဉ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ၊ အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ နှင့် ဇနီးများ ဂုဏ်ပြု ညစာစားပွဲတွင် မလေးရှား တပ်မတော် တေးဂီတအဖွဲ့၏ သီဆိုကပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးစဉ်


နေပြည်တော် ၊ ၁၀-၂-၂၀၁၅

(၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM) သို့ တက်ရောက်ရန် အတွက် မလေးရှား နိုင်ငံသို့ ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ ဒေသ စံတော်ချိန် ည ၈ နာရီခွဲတွင် ShangriLa Hotel ရှိ Sarawak Room ၌ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri(Dr.) Haji Zulkifeli Bin Mohd Zin နှင့် ဇနီးတို့က တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။

အဆိုပါ ဂုဏ်ပြု ညစာစားပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ နှင့်ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ မလေးရှား တပ်မတော် ကာကွယ် ရေးဦးစီးချုပ် General Tan Sri Dato' Sri(Dr.) Haji Zulkifeli Bin Mohd Zin က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ညစာစားပွဲသို့ တက်ရောက် လာသော အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် အတူ ညစာ အတူတကွ သုံးဆောင် ကြသည်။

ညစာ မသုံးဆောင်မီ နှင့် သုံးဆောင် နေစဉ်အတွင်း မလေးရှား တပ်မတော် တေးဂီတအဖွဲ့ က တေးသီချင်း များဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ညစာ သုံးဆောင်အပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများ တို့နှင့် လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ ကြကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger