www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 10, 2015

နယ်မြေရှင်းလင်းသည့် တပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့်တိမ်းရှောင်အဖွဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွား



နေပြည်တော် ၊ ၁ဝ-၂-၂ဝ၁၅

နယ်မြေခံ ပြည်သူလူထု၏ သတင်းပေးချက် အရ တပ်မတော် စစ်ကြောင်းများက လောက်ကိုင်ဒေသ အတွင်း နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း တို့တွင် လောက်ကိုင်မြို့ အနောက် မြောက်ဘက်ရှိ ညံခွမ်းကျေးရွာ ၏ အရှေ့မြောက် ဘက်တွင် နှစ်ကြိမ်၊ လောက်ကိုင်မြို့ အနောက် တောင်ဘက် တောက်ရွှေ ကျေးရွာအနီး တစ်ဝိုက်တွင် တစ်ကြိမ် ကိုးကန့် တိမ်းရှောင်အဖွဲ့မှ အင်အားစု များနှင့် တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထို့အတူ မော်ထိုက်မြို့ အနီး နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စခန်းအား ကိုးကန့်တိမ်းရှောင် အဖွဲ့မှ အင်အားစု အချို့သည် လက်နက်ငယ် များဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ ရသည်။

တပ်မတော် အနေဖြင့် ၄င်းဒေသအတွင်း သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့များ အခြေချ နေထိုင်ခြင်း မပြုစေရေး အတွက် နယ်မြေ ရှင်းလင်းခြင်း များကို ဆက်လက် ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော် အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး အားသွန်ကြိုးပမ်း ဆောင်ရွက် နေချိန်တွင် ကိုးကန့်တိမ်းရှောင် အဖွဲ့၏ ရည်ရွယ်ချက် ရှိရှိဖြင့် တပ်မတော် စစ်ကြောင်းများ အပေါ် နေရာ အနှံ့အပြားမှ နှောင့်ယှက် ပစ်ခတ်ခြင်း၊ ချောင်းမြောင်း တိုက်ခိုက်ခြင်း များကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာမည်ကို ဒေသခံများ အနေဖြင့် စိုးရိမ်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger