ရန်ကုန် ၊ ၉-၁-၂ဝ၁၅
ပြည်တွင်း၌ တွင်ကျယ်စွာ အသုံးပြုလျက် ရှိသော GSM ၊ WCDMA ၊ CDMA 800 MHz ၊ CDMA 450 MHz ၊ MECTel CDMA 800 MHz ၊ Ooredoo ၊ Telenor အစရှိသော Sim Card များအတွက် ကြိုတင် ငွေဖြည့်ကတ်များ၊ နိုင်ငံတကာတွင် အသုံးများသော Top Up ကတ်များနှင့် Gift Gard များ အပါအဝင် စုစုပေါင်း ကတ် ၂၂ မျိုးကို ပြည်တွင်းမှ လွှင့်တင်ထားသည့် Prepaid Cards Online Shopping ဝက်ဘ်ဆိုက် တစ်ခုဖြစ်သော https://www.prepaidcard.com.mm/ တွင် စတင်ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ငွေပေးချေမှု စနစ်အတွက် MyanPay Online Payment Gateway နှင့် ချိတ်ဆက် ထားသောကြောင့် အွန်လိုင်းမှ တစ်ဆင့် Prepaid Card များ ဝယ်ယူလိုပါက MyanPay Account တစ်ခုရှိရန် လိုအပ်ပြီး အဆိုပါ Account ကို www.myanpay.com.mm တွင် ဖွင့်နိုင်ကြောင်း သိရသည်။
ထို့အပြင် ဝယ်ယူလိုက်သည့် ကတ်နှင့် ပတ်သက်သော အချက်အလက် များကို သက်ဆိုင်ရာမှ ပေးပို့နိုင် စေရန် ကတ်ဝယ်သူတွင် ကိုယ်ပိုင် e-Mail Account တစ်ခု ရှိထားရန် လိုအပ်ကြောင်း နှင့် ကတ် ဝယ်ယူသူက MyanPay မှတစ်ဆင့် ငွေပေးချေ ပြီးနောက် အချိန် အနည်းငယ် အတွင်းမှာပင် ဝယ်ယူလိုက်သော ကတ်နှင့် သက်ဆိုင်သည့် အချက်အလက် များကို ကတ်ဝယ်သူ၏ e-Mail သို့ ချက်ချင်း ပေးပို့ကြောင်း သိရသည်။
ဆောင်းဦး
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment