www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 9, 2015

၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း အကောက်ခွန်မဲ့ပစ္စည်း ငွေကျပ် ၂၂၁ ဒသမ ၅၂ သန်းခန့် ဖမ်းဆီးရမိ


ရန်ကုန် ၊ ၉-၁-၂၀၁၅

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ရေဆိပ်နှင့် အကောက်ခွန် နယ်မြေဒေသ အသီးသီးတို့တွင် တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိဘဲ တင်သွင်းခဲ့သော ကုန်ပစ္စည်း များကို စစ်ဆေးရှာဖွေ တားဆီး အရေးယူမှု များ ပြုလုပ် ဆောင်ရွက်ခဲ့ရာ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်း အကောက်ခွန်မဲ့ ပစ္စည်းများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၁ ဒသမ ၅၂ သန်းခန့် ဖမ်းဆီးရမိ ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

ထိုကဲ့သို့ ဖမ်းဆီး အရေးယူ ရာတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ၌ တားဆီးမှု ခြောက်မှု ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၆ ဒသမ ၁ သန်းခန့်၊ ဆိပ်ကမ်းများ၌ တားဆီးမှု ငါးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၅ ဒသမ ၇ သန်းခန့် နှင့် နယ်မြေဒေသ များ၌ တားဆီးမှု ၁၈ မှုရှိခဲ့ပြီး ငွေကျပ် ၁၉၉ ဒသမ ၇၂ သန်းခန့် ဖြစ်သည်။

ထို့အပြင် ထူးခြား ဖမ်းဆီးမှုများ အနေဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်အတွင်း ငွေကျပ်သန်း ၆ဝ တန်ဖိုးရှိ 3D Printer များကို လည်းကောင်း၊ ဆိပ်ကမ်းများ၌ ကြေညာ ထားသည်ထက် ပိုမိုပါရှိ လာသော ငွေကျပ် ၃ ဒသမ ၁ သန်းခန့် တန်ဖိုးရှိ Phenolic Resin Powder နှင့် အကောက်ခွန် နယ်မြေဒေသ များ၌ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂ ဒသမ ၈ သန်းခန့်ရှိ တမလန်း ဟု ယူဆရသော သစ် ၁ ဒသမ ၈၉ တန်ကို လည်းကောင်း ထူးခြား ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။ 

မင်းထက်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger