www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 14, 2015

ရန်ကုန်နည်းပညာ တက္ကသိုလ်ကို အင်္ဂလန်နိုင်ငံမှ ISO အသိအမှတ်ပြု လက်မှတ် ပေးအပ်ချီးမြှင့်မည်



ရန်ကုန် ၊ ၁၄-၁-၂ဝ၁၅

ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ရှိ ရန်ကုန်နည်းပညာ တက္ကသိုလ် YIU ကို အင်္ဂလန်နိုင်ငံရှိ အပြည်ပြည် ဆိုင်ရာ စံနှုန်း သတ်မှတ်ရေး အဖွဲ့ ISO မှ နိုင်ငံတကာ အဆင့်မီ နည်းပညာ တက္ကသိုလ် တစ်ခုအဖြစ် အသိအမှတ် ပြုသည့် အနေဖြင့် ISO 9000-2000 လက်မှတ် ပေးအပ် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

ယင်းလက်မှတ်ကို ပေးအပ်ချီးမြှင့် ရန် ISO အဖွဲ့မှ တာဝန်ရှိသူ များသည် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန် နည်းပညာ တက္ကသိုလ်သို့ လာရောက်၍ စံနှုန်း စစ်ဆေးခြင်း ဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင် ခဲ့ကြပြီး ယခုကဲ့သို့ ISO 9000-2000 လက်မှတ် ပေးအပ် ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ထို အသိအမှတ်ပြု လက်မှတ်ကို ယခုလ အတွင်း ပေးအပ်မည် ဖြစ်ကြောင်း အဆိုပါ နည်းပညာ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်နည်းပညာ တက္ကသိုလ်၌ သင်ကြားမှု နည်းစနစ်များ၊ သင်ရိုး ညွှန်းတမ်းများ ရေးဆွဲထားမှု၊ ဆရာ၊ ဆရာမများ၏ အရည်အချင်း၊ သင်ကြားမှု အထောက် အကူပြု ပစ္စည်းများ ဖြည့်ဆည်း ဆောင်ရွက် ထားရှိမှု စသည့် အချက်များ အပေါ်တွင် အကဲဖြတ် လေ့လာ၍ ထို အသိအမှတ်ပြု လက်မှတ်ကို ပေးအပ်ရန် ISO အဖွဲ့မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရှေ့ဆက်၍လည်း အဆိုပါ ရန်ကုန်နည်းပညာ တက္ကသိုလ်ကို နိုင်ငံတကာ တွင် အသိအမှတ်ပြု ခံရစေရန် ရေတို ရေရှည် စီမံကိန်းများ ချမှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

လက်ရှိတွင် အဆိုပါ တက္ကသိုလ်၌ အင်ဂျင်နီယာ ဘာသာတွဲ ၁၂ ခုကို ဖွင့်လှစ် သင်ကြား ပို့ချပေးလျက် ရှိပြီး ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ဦးရေ ၁၄ဝဝ ကျော်နှင့် ဆရာ၊ ဆရာမ ၁၆ဝ ခန့် ရှိကာ နှစ်စဉ် ပထမနှစ် သင်တန်းသား အသစ် ၃ဝဝ ခန့်ကို စိစစ် ရွေးချယ်၍ လက်ခံ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger