www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 14, 2015

ကိုယ်ပိုင်ကျောင်းဖွင့်လိုသူများ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက် နောက်ဆုံးထား၍ မှတ်ပုံတင် လျှောက်ထားရမည်


ရန်ကုန် ၊ ၁၄-၁-၂ဝ၁၅

ပညာရေး ဝန်ကြီးဌာနသည် ၂ဝ၁၂- ၂ဝ၁၃ ပညာသင်နှစ် တွင် ကိုယ်ပိုင် ကျောင်းများ စတင် ဖွင့်လှစ်ခွင့်ပြု ခဲ့ပြီး ယခု ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ် အတွက် ကိုယ်ပိုင်ကျောင်း ဖွင့်လိုသူများ အနေဖြင့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက် နောက်ဆုံး ထား၍ မှတ်ပုံတင် လျှောက်ထား ရမည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ ထုတ်ပြန် ထားသည်။

ကိုယ်ပိုင်ကျောင်းများ တည်ထောင် ခွင့်ပြုရာတွင် တစ်နှစ်၊ နှစ်နှစ် နှင့်ငါးနှစ်ဟူ၍ သုံးမျိုးခွဲခြား သတ်မှတ်၍ ဖွင့်လှစ် ခွင့်ပြုထားပြီး လာမည့် ပညာသင်နှစ် အတွက် ကိုယ်ပိုင်ကျောင်း အသစ် လျှောက်ထား လိုသူများနှင့်
ကိုယ်ပိုင်ကျောင်း သက်တမ်း ကုန်ဆုံးသွား သူများသည် သတ်မှတ်ရက် အတွင်း မှတ်ပုံတင် လျှောက်ထား ကြရန် အမှတ် (၃) အခြေခံ ပညာဦးစီးဌာန မှ ကြေညာ ထားသည်။

ပညာရေး ဝန်ကြီးဌာနသည် ၂ဝ၁၂- ၂ဝ၁၃ ပညာသင်နှစ် တွင် ကိုယ်ပိုင်ကျောင်း ၆၆ ကျောင်းကို ဥပဒေဖြင့် စတင် ခွင့်ပြုခဲ့ပြီး ၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ် က ယခင် လျှောက်ထားဖူးခြင်း မရှိသော ကျောင်း ၁၂၇ ကျောင်းကို ကိုယ်ပိုင်ကျောင်း လိုင်စင်များ ချထားပေးခဲ့ပြီး လက်ရှိ အချိန်တွင် တစ်နိုင်ငံ လုံး၌ ကိုယ်ပိုင်ကျောင်း ၂၈ဝ ခန့်ထိ ရှိနေပြီ ဖြစ်ကြောင်း၊ မန္တလေးမြို့ နှင့် ပြင်ဦးလွင်မြို့ တို့၌ ကိုယ်ပိုင်ကျောင်း အများအပြား ဖွင့်ထားကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger