www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 21, 2015

တပ်မတော်စစ်ကြောင်းများမှ ကံဆီး ၊ အောင်ဘာလေ ကျေးရွာအနီး နယ်မြေရှင်းလင်း


နယ်မြေခံစစ်ကြောင်း၏ တပ်ရင်းမှူး က အောင်ဘာလေ ကျေးရွာရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၌ ရွာသူ ရွာသားများအား တွေ့ဆုံ အားပေးစကား ပြောကြားစဉ်

နယ်မြေခံစစ်ကြောင်း၏ တပ်ရင်းမှူး နှင့် အောင်ဘာလေ ကျေးရွာရှိ ရပ်မိရပ်ဖများ တွေ့ဆုံစဉ်


ပွိုင့်- ၇၀၉ စခန်းအား တွေ့ရစဉ်

နေပြည်တော် ၊ ၂၁-၁-၂၀၁၅

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ တွင် ကေအိုင်အေ ရင်း(၆) လက်အောက်ခံ စစ်ကြောင်း တစ်ကြောင်းမှ ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကမန်းဒူးနော် နှင့် လုံခြုံရေး လိုက်ပါ လာသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် သုံးဦးအား ဖမ်းဆီး ထိန်းသိမ်း ခဲ့ပြီး ဝန်ကြီးအား ပြန်လွှတ်ပေး ခဲ့သော်လည်း ရဲသုံးဦးထံမှ လက်နက်များ သိမ်းဆည်းပြီး လက်ထိတ်ခတ် လက်ပြန်ကြိုး တုပ်ပြီး ဖမ်းဆီး ခေါ်ဆောင် သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

၎င်း ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် သုံးဦးအား ဖမ်းဆီး ခေါ်ဆောင် သွားသည့် ကေအိုင်အေ ရင်း(၆) ဌာနချုပ် နယ်မြေသို့ နယ်မြေခံ တပ်မတော် စစ်ကြောင်းများ က လိုက်လံ ရှင်းလင်း ခဲ့သည်။ ဇန်နဝါရီလ ၁၅ ရက် နံနက်ပိုင်းတွင် ကေအိုင်အေ ရင်း(၆)မှ အင်အားများ ဖြန့်ခွဲ အခြေပြု ထားလျက် ရှိသည့် ကျွန်းတော ကာကင်းစခန်း၊ အောင်ဘာလေ လမ်းဆုံ ကာကင်းစခန်း၊ အောင်ဘာလေ ကျေးရွာ အနီးရှိ ကာကင်းစခန်း တို့အား ရှင်းလင်း သိမ်းပိုက်ခဲ့ပြီး ကေအိုင်အေ ထိန်းချုပ် ထားသော အောင်ဘာလေ ရွာသို့ ဝင်ရောက် ခဲ့သည်။ ၄င်းအချိန်တွင် ကျေးရွာသူ ရွာသား များသည် ထွက်ပြေး တိမ်းရှောင်မှု မရှိဘဲ ကျေးရွာအတွင်း နေထိုင်လျက် ရှိကြောင်း တွေ့ရှိရသဖြင့် နယ်မြေခံ စစ်ကြောင်း၏ တပ်ရင်းမှူး မှ အောင်ဘာလေ ကျေးရွာ ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ၌ ရွာသူ ရွာသားများ အားတွေ့ဆုံပြီး အားပေး စကား ပြောကြား ခဲ့သည်။

စစ်ကြောင်း တစ်ကြောင်း သည် အောင်ဘာလေ ကျေးရွာ၏ အရှေ့ဘက် မီတာ ၆ဝဝ ခန့် အကွာသို့ ရောက်ရှိစဉ် ကေအိုင်အေ (ကချင်) အဖွဲ့မှ အင်အား ၁၅ ဦးခန့်သည် စောင့်ကြို တိုက်ခိုက်ခဲ့ သဖြင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး လိုက်လံ ရှင်းလင်းရာ ပွိုင့်- ၅၂၂ တောင်ကုန်း ၌ ကေအိုင်အေ အင်အား ၃ဝ ဦးခန့်နှင့် ထပ်မံ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ၄င်း တောင်ကုန်းအား ညနေပိုင်းတွင် သိမ်းပိုက် အခြေပြု နိုင်ခဲ့သည်။ 

ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပွိုင့်- ၅၂၂ ၌ အခြေပြု နေသော တပ်မတော် စစ်ကြောင်း သည် ဆက်လက်၍ နယ်မြေ ရှင်းလင်းခဲ့ရာ ပွိုင့်- ၆၇၁ အနီး ရောက်ရှိစဉ် ကေအိုင်အေ (ကချင်) အဖွဲ့မှ အင်အား ၃ဝ ခန့်နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကေအိုင်အေ (ကချင်) အဖွဲ့သည် အရှေ့မြောက် ဘက်သို့ ဆုတ်ခွာ သွားခဲ့သည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်း တွင် ပွိုင့်- ၆၇၁ အနီး အခြေပြု နေသော တပ်မတော် စစ်ကြောင်းအား ကေအိုင်အေ (ကချင်) အဖွဲ့ အင်အား ၃ဝ ဦးခန့်မှ တိုက်ခိုက်လာ သဖြင့် မိမိ တပ်မတော် စစ်ကြောင်းမှ ပြန်လည် တိုက်ခိုက်ရာ အရှေ့ဘက်သို့ ဆုတ်ခွာ သွားခဲ့သည်။ တပ်မတော် စစ်ကြောင်း က ဆုတ်ခွာ သွားရာ နောက်သို့ ဆက်လက် ရှင်းလင်း ခဲ့ပြီး ညပိုင်းတွင် ပွိုင့်- ၆၇၁ တောင်ကုန်းအား သိမ်းပိုက် နိုင်ခဲ့သည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပွိုင့်- ၆၇၁ မှ ဆက်လက် ရှင်းလင်းရာ ပွိုင့်- ၇ဝ၉ အနီးသို့ ရောက်ရှိစဉ် ကေအိုင်အေ (ကချင်) အဖွဲ့ အင်အား ၅ဝ ဦးခန့်မှ စောင့်ကြို တိုက်ခိုက် ခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပွိုင့်- ၇ဝ၉ တောင်ကုန်းအား နံနက် ၁၁ နာရီခန့်တွင် သိမ်းပိုက်ရရှိ ခဲ့သည်။ ၄င်း ဖြစ်စဉ်တွင် ကေအိုင်အေ (ကချင်) အဖွဲ့ထံမှ လက်နက်ခဲယမ်း အချို့နှင့် ဆက်သွယ်ရေး စက်များ၊ အခြား ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။

တစ်ချိန်တည်း မှာပင် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် လုံးတုံ နယ်မြေရှိ နယ်မြေခံ တပ်မတော် စစ်ကြောင်းသည် ကေအိုင်အေ (ကချင်) အဖွဲ့ ဆုတ်ခွာ သွားသော ဟွေလုံ - ညောင်ပင် - လုံးတုံ လမ်းကြောင်း အတိုင်း လိုက်လံ ရှင်းလင်းရာ နမ့်ပတဲရွာ အနောက်ဘက် ၂ မိုင်ခန့်သို့ ရောက်ရှိစဉ် ကေအိုင်အေ (ကချင်) အဖွဲ့ အင်အား ၃ဝ ဦးခန့် အခြေပြုသော စခန်းအား တွေ့ရှိပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နံနက်ပိုင်းတွင် သိမ်းပိုက် နိုင်ခဲ့သည်။

၎င်းတိုက်ပွဲ ဖြစ်စဉ်များ တစ်လျှောက်တွင် မိမိ အရာရှိ စစ်သည် အချို့ ထိခိုက် ကျဆုံးခဲ့ပြီး ကေအိုင်အေ (ကချင်) အဖွဲ့ထံမှ လက်နက်ခဲယမ်း အချို့၊ ဆက်သွယ်ရေး စက်များနှင့် ဆိုင်ကယ် ငါးစီး၊ တီဗွီတစ်လုံး၊ ဒီဗွီဒီ ရုပ်မြင်သံကြား ပြစက် တစ်လုံး၊ စကိုင်းနက် ရုပ်သံ ဖမ်းစက် တစ်စုံ၊ ဆန်အိတ် ၁ဝဝ အိတ်၊ ဒီဇယ်ဆီ လေးပီပါ၊ ဆန်ဂိုဒေါင် တစ်လုံး၊ ဆီဂိုဒေါင် တစ်လုံး၊ လူနေတဲ ၃၃ လုံး၊ ရှင်းလင်းဆောင် တစ်လုံး၊ ဆေးပေးခန်း တစ်လုံး၊ ပလတ်စတစ် ထိုင်ခုံ ၂ဝ လုံး၊ ကွန်ကရစ် ဘန်ကာ လေးလုံး၊ သစ်လုံး ဘန်ကာ တစ်လုံး၊ အပ်ချုပ်စက် ရှစ်လုံး နှင့် ကေအိုင်အေ ယူနီဖောင်း ၄၆ စုံ၊ ကျောပိုးအိတ် ၁ဝ လုံး သိမ်းဆည်း ရမိခဲ့သည်။ 

ထိုသို့ အောင်ဘာလေ ကျေးရွာအနီး တောင်ကုန်း များတွင် တိုက်ပွဲဖြစ်ပွား သဖြင့် ဇန်နဝါရီလ ၁၆ ရက်တွင် ရွာသူ ရွာသားအချို့မှ ပြောင်းရွှေ့ လိုကြောင်း တင်ပြလာခဲ့ရာ မိမိ တပ်မတော် ကံဆီးစခန်း အနီးရှိ ကံဆီး ရွာသစ်သို့ ရွာသူ ရွာသား ၁ဝဝဝ ခန့်အား ပြောင်းရွှေ့ ပေးခဲ့ပြီး တပ်မတော်မှ လိုအပ်သော ကူညီ စောင့်ရှောက်မှုများ ပေးထား ခဲ့သည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ တိုက်ပွဲများ ပြီးဆုံးပြီး နောက်ပိုင်း ကံဆီး ရွာဟောင်း ဘုန်းကြီးကျောင်း နှင့် အောင်ဘာလေ ရွာတို့တွင် နယ်မြေအတွင်း သောင်းကျန်း သူများ မရှိတော့၍ မိမိတို့ အသက်အိုးအိမ် စည်းစိမ်အတွက် လုံခြုံမှု ရရှိပြီ ဖြစ်၍ ရွာသူ ရွာသား အချို့မှာ ၄င်းရွာများတွင် ဆက်လက် နေထိုင်လျက် ရှိပြီး အခြေအနေမှာ အေးချမ်း တည်ငြိမ်လျက် ရှိသည်။

အထက်ပါ သတင်းနှင့် ပတ်သက်၍ သတင်း မီဒီယာ အချို့တွင် ဇန်နဝါရီလ ၁၇ ရက်ထိ တိုက်ပွဲများ အတွင်း ဒေသခံ ၂ဝဝဝ ခန့် ပိတ်မိ နေကြောင်း မဟုတ်မမှန် ရေးသား ဖော်ပြ ထားသည်ကို တွေ့ရှိခဲ့ရသည်။ အမှန်တကယ် မှာ ဒေသခံ ရွာသူ ရွာသားများ ကိုယ်တိုင်က မိမိ နေအိမ်များတွင် ဆက်လက် နေထိုင်လို ကြပြီး ကံဆီးရွာသစ်၌ ခေတ္တ တိမ်းရှောင် နေသောရွာသူ ရွာသား ၁ဝဝဝ ခန့်သည် အောင်ဘာလေရွာ နှင့် ကံဆီးရွာဟောင်း သို့ ပြောင်းရွှေ့ ရန်ရှိကြောင်း သိရှိရသည်။ ၄င်း ရွာသူ ရွာသားများအား တပ်မတော်မှ လိုအပ်သော ဆေးဝါး ကုသမှုများ နှင့် စောင့်ရှောက် ကူညီမှုများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger