www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 15, 2015

မဟာမုနိ ရုပ်ရှင်တော်မြတ် ၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်လောင်းလှူပွဲ ၊ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ နှင့် နံ့သာမီးပူဇော်ပွဲများ ကျင်းပမည်



မန္တလေး ၊ ၁၅-၁-၂၀၁၅

မန္တလေးမြို့၏ အထင်ကရ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သော မဟာမုနိ ရုပ်ရှင်တော်မြတ် ကို ကုန်းဘောင် မင်းဆက် ဗဒုံမင်းတရားကြီး လက်ထက် (၁၁၄၇) ခုနှစ်တွင် ရခိုင်ပြည်မှ ပင့်ဆောင် ပူဇော်ခဲ့သည်။ ထို့ကြောင့် မန္တလေးမြို့တည် နန်းတည် နှစ်ထက် (၇၄)နှစ် စောပြီး ယခုအခါ နှစ်ပေါင်း (၂၃ဝ)ခန့် ရှိပြီ ဖြစ်သည့် မဟာမုနိ ရုပ်ရှင်တော်မြတ် ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် (၂၆) ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူ ပွဲတော်၊ (၃၇)ကြိမ်မြောက် မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ နှင့် နံ့သာမီး ပူဇော်ပွဲ တို့ကို တပို့တွဲလ အတွင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်ဟု မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ ထံမှ သိရသည်။

ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ပွဲကို တပို့တွဲ လပြည့်ကျော် ၈ ရက် (၁၁-၂-၂၀၁၅ ဗုဒ္ဓဟူးနေ့ ) မွန်းလွဲ ၁ နာရီတွင် ဘုရား အမှူးပြုသော သံဃာတော် ၈၅၃ ပါးအား ဆွမ်းဆန်တော် နှင့် လှူဖွယ် ပစ္စည်းတို့ကို လောင်းလှူ ပူဇော်မည် ဖြစ်ကြောင်း သိရသည်။

တပို့တွဲ လပြည့်ကျော် ၈ရ က်တွင် ကျင်းပမည့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် နှစ်စဉ် လောင်းလှူမြဲ ဖြစ်သော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိက အလှူရှင်များ ဦးရေ ၆ဝဝ ကျော်ရှိပြီး ယခုနှစ် ၌လည်း လောင်းလှူ ပူဇော်ကြမည့် အလှူရှင် အဟောင်း၊ အသစ်များ အနေဖြင့် ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရန် မဏ္ဍပ်အခန်း များကို ရယူနိုင်ရန် အတွက် တပို့တွဲ လပြည့်ကျော် ၅ ရက် (၈-၂-၂၀၁၅ တနင်္ဂနွေနေ့ ) နောက်ဆုံးထား ၍ ဂေါပက အဖွဲ့ထံသို့ ကြိုတင် စာရင်းပေးသွင်း ရန်လည်း ဂေါပက အဖွဲ့မှ နှိုးဆော် ထားကြောင်း သိရသည်။

ယခုနှစ် မဟာမုနိ ရုပ်ရှင်တော်မြတ် ၏ ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ အဖြစ် တပို့တွဲလဆန်း ၁၂ ရက်၊ ၁၃ ရက်တို့တွင် သစ်လွင် အငြိမ့်၊ တပို့တွဲ လဆန်း ၁၄ ရက်၊ ၁၅ ရက်တို့တွင် ရွှေညီကို ဇာတ်ပွဲ၊ တပို့တွဲ လပြည့်ကျော် ၇ ရက်၊ ၈ ရက်တို့တွင် နန်းမြို့တော် ဇာတ်ပွဲ တို့ဖြင့် ဧည့်ခံ ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။(၁၇၃)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger