www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 15, 2015

ရန်ကုန်မြို့ ထိန်းသိမ်းစောင့်ရှောက် ရေးတွင် အကြံဉာဏ်များ ပေးနိုင်ရန် နိုင်ငံတကာပညာရှင်များ ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပမည်



ရန်ကုန် ၊ ၁၅-၁-၂၀၁၅

ကမ္ဘာ့ အမွေအနှစ်များ စောင့်ကြည့်ရေး (World Monuments Watch) စာရင်း၌ ပါဝင်သည့် ရန်ကုန်မြို့ကို ထိန်းသိမ်း စောင့်ရှောက်ရေး တွင် အကြံဉာဏ်များ ပေးနိုင်ရန် အီတလီနိုင်ငံ ရောမ မြို့တော်ဝန်ဟောင်း နှင့် နိုင်ငံတကာမှ ပညာရှင်ပေါင်း ၅ဝ တို့ပါဝင်သည့် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့ The Yangon Heritage Trust (YHT) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့ The Yangon Heritage Trust (YHT) နှင့် World Monuments Watch တို့ ပူးပေါင်းကာ ရန်ကုန်မြို့၏ ရေရှည် တည်တံ့သည့် ဖွံ့ဖြိုးမှု အမည်ဖြင့် ဇန်နဝါရီ ၁၅ ရက်မှ ၁၇ရက်ထိ ရန်ကုန်မြို့ Strand Hotel တွင် ပြုလုပ်သွားမည် ဖြစ်ကာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ အီတလီ နိုင်ငံ ရောမ မြို့တော်ဝန်ဟောင်း Francesco Rutelli အပါအဝင် နိုင်ငံတကာမှ ပညာရှင်ပေါင်း ဦးရေ ၅ဝ ကျော် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ဆယ်စုနှစ် အတွင်း မြန်မြန် ဆန်ဆန် ဖြစ်ပေါ်ခဲ့သည့် ပြောင်းလဲမှု များစွာကြောင့် သမိုင်းဝင် မြို့တော် ရန်ကုန်သည် ခေတ်မီ ဖွံ့ဖြိုး တိုးတက်မှု၏ အကျပ်အတည်း များစွာကို ရင်ဆိုင် နေခဲ့ရသည့် အပြင် ဥပဒေ စည်းမျဉ်းပိုင်း ဆိုင်ရာများတွင် အားနည်း နေခြင်း၊ မြို့ပြ စီမံကိန်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ နည်းပါးခြင်း တို့ကြောင့် သမိုင်းဝင် ရန်ကုန်မြို့တွင် နောင်ပြင်၍ မရသည့် အမှားများ ဖြစ်ပေါ်မလာ စေရန် အဆိုပါ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်းလည်း ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ကို ၂ဝ၁၄ ခုနှစ်တွင် ကမ္ဘာ့ အမွေအနှစ်များ စောင့်ကြည့်ရေး ( World Monuments Watch ) စာရင်းတွင် ထည့်သွင်း ထားကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger