www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 30, 2015

အမြန်လမ်းပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု များမှာ ပဲခူးတိုင်း ဒေသကြီး နယ်နိမိတ်အတွင်း အများဆုံး ဖြစ်ပွားခဲ့



ရန်ကုန် ၊ ၃၀-၁-၂၀၁၅

ရန်ကုန်- မန္တလေး အမြန်လမ်း ပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆ မှုများကို လေ့လာ ကြည့်ပါက ပဲခူးတိုင်း ဒေသကြီး နယ်နိမိတ် အတွင်း အများဆုံး ဖြစ်ပွားပြီး ယာဉ်ငယ်များ အများဆုံး တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သည်ဟု အမြန် လမ်းမကြီး အင်ဂျင်နီယာရုံး မှ သိရသည်။

အမြန်လမ်း ပေါ်တွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှု အခြေအနေ များကို လေ့လာကြည့် ပါက ယာဉ်ငယ် များကြောင့် ဖြစ်ပွားသည့် ယာဉ် မတော်တဆ မှုမှာ ရာခိုင်နှုန်း အားဖြင့် ဖြစ်ပွားမှု စုစုပေါင်း၏ ၈၇ ရာခိုင်နှုန်း ရှိသည်ဟု လည်း အမြန်လမ်း အင်ဂျင်နီယာမှူးရုံး ၏ လေ့လာ ဆန်းစစ်မှုများ အရ သိရသည်။

ထို့ပြင် လေ့လာ ဆန်းစစ်မှုများ အရ ယာဉ်ငယ်များ ဖြစ်သည့် ဗင်ကား နှင့် ဆလွန်းကားများ တိမ်းမှောက်မှု များမှာ အမှုပေါင်း ၁၃ဝ ခန့်အထိ ရှိနေပြီး ဆာ့ဖ် နှင့် ပရာဒို ကဲ့သို့သော ကားများ ဖြစ်ပွားမှုမှာ ၆၄ မှုခန့် အထိ ရှိနေကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးသည် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ နေပြည်တော် ကောင်စီ နယ်မြေနှင့် မန္တလေးတိုင်း ဒေသကြီး တစ်လျှောက် တစ်ဆက်တည်း ဖောက်လုပ်ထား သဖြင့် ယာဉ် မတော်တဆမှု ဖြစ်ပွားရာ နေရာ အပိုင်းအခြားကို လေ့လာပါက ပဲခူးတိုင်း ဒေသကြီး နယ်နိမိတ်တွင် ဖြစ်ပွားသည့် အမှုမှာ အမှု အားလုံး၏ ထက်ဝက်ခန့် ရှိနေကြောင်း အမြန် လမ်းမကြီး ရဲတပ်ဖွဲ့ မှ သိရသည်။

အမြန်လမ်း အင်ဂျင်နီယာရုံး မှ ထုတ်ပြန်သည့် စာရင်းအရ ၂ဝ၁၄ ခုနှစ်တွင် အမြန်လမ်း ပေါ်၌ ယာဉ်တိုက်မှု ပေါင်း ၄၁၂ မှုဖြစ်ပွား ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် ၂၅၉ မှုသာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရန်ကုန်- မန္တလေး အမြန်လမ်း တစ်လျှောက်တွင် တစ်နှစ်အတွင်း ယာဉ် အရေအတွက် လေးသိန်း ငါးသောင်းကျော် ဖြတ်သန်း နေကြပြီး တစ်နှစ်လျှင် ဖြတ်သန်း သွားလာသည့် အစီးရေ ရှစ်သောင်းခန့် တိုးလာကြောင်း ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ကျော်လွင်

#Yadanarpondaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger