www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 15, 2015

ပြင်ဦးလွင်မြို့ရှိ ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံများ ပျက်စီးယိုယွင်းလျက် ရှိသောကြောင့် ထိန်းသိမ်း စောင့်ရှောက်ရန်လို


ပြင်ဦးလွင်မြို့ရှိ ဥရောပဆန်ဆန် အဆောက်အအုံ တစ်ခု

ပြင်ဦးလွင် ၊ ၁၅-၁-၂၀၁၅

ပြင်ဦးလွင်မြို့ သည် မြန်မာနိုင်ငံ တွင် သာမက ကမ္ဘာပေါ် တွင်လည်း ထင်ပေါ် ကျော်ကြားသော မြို့တစ်မြို့ ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များ ဥဒဟို ဝင်ထွက်သွားလာ ကြည့်ရှု လေ့လာလျက် ရှိနေကြရာ အဆိုပါ မြို့ရှိ ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံ အချို့မှာ ပျက်စီးယိုယွင်း နေပြီ ဖြစ်သောကြောင့် အမြန်ဆုံး ပြုပြင် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်လျက် ရှိနေကြောင်း သိရသည်။

အင်္ဂလိပ်တို့သည် ပြင်ဦးလွင်မြို့ ကို ဘုရင်ခံ နွေရာသီ ရုံးစိုက်ရာ တောင်ပေါ် အပန်းဖြေ မြို့တော် တစ်မြို့အဖြစ် သတ်မှတ်ခဲ့ပြီး နောက် မြို့အင်္ဂါရပ်နှင့် အညီ ဥရောပ ဆန်သော အဆောက်အအုံ များကို စနစ်တကျ ဆောက်လုပ် ခဲ့သည်။

ထို အဆောက်အအုံ များထဲတွင် ဒုတိယ ကမ္ဘာစစ် အတွင်းက မီးလောင်ပျက်စီး သွားခဲ့သော ဘုရင်ခံအိမ်တော် (ယခု အသစ်ထပ်မံ ဆောက်လုပ် ထားပြီဖြစ်) FIAG STAFF HOUSE ဟုအမည် တွင်သော  အင်္ဂလိပ် စစ်ဦးစီးချုပ်များ နေအိမ် CRADDOCK COURT (နန်းမြိုင်ဟိုတယ်) ၊ LINCRUDIN (ချယ်ရီမြိုင်) ၊ CANDACRAIG (သီရိမြိုင်) ၊ TAPSY VILLA (ရဲတိုက်ပုံစံ အဆောက်အအုံ) ၊ SECRETARIAT OFFICE (အတွင်းဝန် များရုံး)၊TREASURY (ငွေတိုက် အဆောက်အအုံ)၊ FOREST LODGE (ဂန္ဓမာမြိုင်) နှင့် ဗိုလ်ချုပ်အောင်ဆန်း မေမြို့ ရောက်ရှိခဲ့စဉ်က မိသားစုနှင့် အတူ တည်းခို နေထိုင်ရန် အင်္ဂလိပ် ဘုရင်ခံ ကိုယ်တိုင် စီမံရွေးချယ် ပေးခဲ့သော BROOM HILL (ဝန်ကြီးချုပ် နေအိမ်) စသည်တို့မှာ ပြင်ဦးလွင် သို့ ရောက်ရှိလာသော ကမ္ဘာလှည့် ခရီးသည်များ ယနေ့ထက်တိုင် သွားရောက် ကြည့်ရှု လေ့လာ နေသော သမိုင်းဝင် အထင်ကရ အဆောက်အအုံများ ဖြစ်သည်။

ထို အဆောက်အအုံ များနှင့်အတူ ပြင်ဦးလွင်မြို့ ၌ ရှေးဟောင်း အဆောက်အအုံ ပေါင်းများစွာ ရှိနေပြီး ယခုအခါ အဆိုပါ အဆောက် အအုံများ ထဲမှ အချို့ကို ဟိုတယ် လုပ်ငန်းများ လုပ်ကိုင်စေခြင်း၊ ဆေးရုံများ ဖွင့်လှစ်စေခြင်း စသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ထံသို့ လွှဲပြောင်း ငှားရမ်း လုပ်ကိုင်ခွင့် ပြုထားလျက် ရှိရာ အချို့သော အဆောက်အအုံ တို့မှာ မြင်မကောင်း လောက်အောင်ပင် ဆိုးရွားစွာ ပျက်စီးယိုယွင်း မှုများ ဖြစ်ပေါ် နေမှုကြောင့် အဆိုပါ ပျက်စီးယိုယွင်း နေသော သမိုင်းဝင် အဆောက်အအုံ များကိုလည်း အမြန်ဆုံး ထိန်းသိမ်းပြုပြင် သွားရန် လိုအပ်လျက် ရှိကြောင်း သိရသည်။(၁၆၅)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger